အသက်၈၂နှစ်အရွယ် ကနေဒီးယန်းအဆိုတော် Leonard Cohen ကွယ်လွန်

အသက်၈၂နှစ်အရွယ် ကနေဒီးယန်းအဆိုတော် Leonard Cohen ကွယ်လွန်

သူ့ရဲ့တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှ ဖော်ပြချက်အရ ကနေဒါလူမျိုးအဆိုတော် Leonard Cohen ဟာ အသက်အရွယ်၈၂ အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။

အဆိုပါကြေညာချက်မှာ “ရာဇဝင်တွင်လောက်အောင် ထင်ရှားကျော်ကြားတဲ့ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ အဆိုတော်၊ အနုပညာရှင်ကြီး Leonard Cohen ကွယ်လွန်မှုအကြောင်း တင်ပြရခြင်း အပေါ်မှာ အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်း” ဖော်ပြထားပါတယ်။

“ဂီတလောကမှာ အလေးစားခံရဆုံး စိတ်ကူးဉာဏ်ပညာအမြင့်မားဆုံး  အနုပညာရှင်တစ်ယောက်ကို ကျနော်တို့ ဆုံးရှုံးလိုက်ရပါပြီ” ဟုလည်းဖော်ပြထားပါတယ်။

Cohen ဟာဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ အကြောင်းကိုတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိပါဘူး။ ကြေညာချက်မှာဖော်ပြထားတာကတော့ Los Angeles မှာ မကြာခင်ရက်ပိုင်းအတွင်း အထိမ်းအမှတ် ပွဲလုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံ Montreal မြို့မှာမွေးဖွားခဲ့တဲ့ အဆိုတော်ကြီးဟာ သူ့ရဲ့ ၁၄ချပ်မြောက်တေးအယ်လ်ဘမ်ဖြစ်တဲ့  You Want It Darker ကို ပြီးခဲ့တဲ့လကမှထွက်ရှိထားတာဖြစ်ပြီး သူ့ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေထဲမှာတော့  Suzanne နဲ့ I'm Your Man ဆိုတဲ့သီချင်းတွေပါ၀င်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly