မင်းသမီး Gal Gadot တို့ ဇနီးမောင်နှံ ဒုတိယမြောက်ရင်သွေး ရတော့မည်

မင်းသမီး Gal Gadot တို့ ဇနီးမောင်နှံ ဒုတိယမြောက်ရင်သွေး ရတော့မည်

Fast & Furious မင်းသမီး Gal Gadot က သူမတွင် ကိုယ်ဝန် ရှိနေပြီ ဖြစ်၍ သူမ နှင့် ခင်ပွန်း Yaron Versano တို့ ဒုတိယမြောက်ရင်သွေး ရရှိတော့မည် ဖြစ်ကြောင်း Instagram စာမျက်နှာတွင် တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

သူမ၏ ဗိုက်ကို ခင်ပွန်း Versano က ကြင်နာစွာ ကိုင်ထားသည့် အဖြူအမည်း selfie ဓာတ်ပုံကို အစ္စရေးမင်းသမီး Gal Gadot က Instagram တွင် တင်ကာ “ဒီ ဝမ်းသာစရာသတင်းကို ဝေမျှရတာ ကျွန်မ အရမ်း စိတ်လှှုပ်ရှားမိပါတယ်” ဟု ရေးသားခဲ့သည်။

Gadot နှင့် Versano တို့သည် ၂၀၀၈ ခုနှစ်က လက်ထပ်ခဲ့ခြင်း ဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် သမီးလေး Alma ကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags