မ စိတ်ကြောင့် ဖြစ်ရတဲ့ ပင်ဂွင်းငှက်ထီးနှစ်ကောင်ရဲ့ သွေးသံရဲရဲ တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် ပြန့်နှံ့

မ စိတ်ကြောင့် ဖြစ်ရတဲ့ ပင်ဂွင်းငှက်ထီးနှစ်ကောင်ရဲ့ သွေးသံရဲရဲ တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် ပြန့်နှံ့

ပုံမှန်အားဖြင့် ပင်ဂွင်းငှက်များမှာ ချစ်စရာကောင်းသော ငှက်အမျိုးအစားများထဲတွင် ပါဝင်ပြီး ၎င်းငှက်တို့၏ လမ်းလျှောက်ပုံ ဟန်နေဟန်ထားမှာ မြင်ရသူအပေါင်း၏ စိတ်အာရုံတွင် ချစ်စဖွယ်ပုံစံများသာ   ဖြစ်နေတတ်လေ့ရှိသည်။

သို့သော်လည်း ပင်ဂွင်းငှက်များတွင်လည်း လူသားများကဲ့သို့ အိမ်ထောင်ရေးအရှုပ်အရှင်း ပြဿနာများ ရှိတတ်သည်ဟု ဆိုပါက ဖြစ်နိုင်ပါမည့်လားဟု သံသယဝင်မိမည်မှာ အမှန်ပင်ဖြစ်သည်။

National Geographic Channel က ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုတစ်ခုအရ ယင်းပင်ဂွင်းငှက်များသည် လူသားများကဲ့သို့ ပင် အိမ်ထောင်ရေး အရှုပ်အရှင်းဖြစ်လာပါက ဒေါသရှေ့ထား ရင်ဆိုင်ဖြေရှင်းတ တ်သည့် သဘာဝကို မြင်တွေ့ခဲ့ရသည်။

 ယင်းဗီဒီယိုထဲတွင် ပင်ဂွင်းငှက်ထီးတစ်ကောင်မှာ ယင်း၏ ခိုအောင်းရာ တွင်းတစ်ခုတွင်းသို့ ဦးတည်ပြန်ပြေးလာခဲ့ရာတွင် အတူနေ မယားဖြစ်သူ ငှက်မမှာ အခြားငှက်ထီးတစ်ကောင်နှင့်အတူ ရှိနေသည်ကို ပက်ပင်းတွေ့လိုက်ရသည့်အချိန်တွင် ရုတ်တရက်ပြုမှုလုပ်ဆောင်ပုံကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်လိုက်ရသည်။

အတူနေငှက်မမှာ မိမိမဟုတ်ဘဲ အခြားငှက်တစ်ကောင်နှင့် ဖောက်ပြန်နေသည်ကို သိလိုက်ရချိန် လင်ကြီးဖြစ်သူ ပင်ဂွင်းငှက်ထီးမှာ ယင်းရဲ့ ပြိုင်ဘက်ကို တိုက်ခိုက်ရန် စိန်ခေါ်လိုက်ပြီးနောက် ယင်းငှက်ထီးနှစ်ကောင်၏ တိုက်ပွဲကို ဆက်လက်မြင်တွေ့ခဲ့ကြရသည်။ တစ်ကောင်နှင့်တစ်ကောင် ထိုးဆိတ်တိုက်ခိုက်ကြနေရင်းဖြင့် နောက်ပိုင်းတွင် ယင်းတို့ပြဿ     နာကို   ဖြေရှင်းရန်ငှက်မကို   ခေါ်လိုက်ပြီး မည်သူနှင့် နေမည်နည်းဟု ရွေးချယ်ခိုင်းလိုက်သည်ကိုပါ တွေ့မြင်ခဲ့ရသည်။

သို့သော် ကံမကောင်းစွာဖြင့်ပင် ငှက်မမှာ လင်ကြီးဖြစ်သူ မူလငှက်ထီးကို မရွေးဘဲ နောက်မှရောက်လာခဲ့သည့် လင်ငယ် ငှက်ထီးကို ရွေးချယ်လိုက်ချိန်တွင် လင်ကြီးဖြစ်သူ ငှက်ထီးမှာ အရှိုက်တည့်တည့် ထိုးနှက်ခံလိုက်ရသကဲ့သိ့ု ဖြစ်ခဲ့ရပြန်သည်။

သို့ပေမယ့်လည်း ရန်ပွဲမှာ ဒီမှာတင် ပြီးဆုံးမသွားသေးဘဲ မိမိ၏ မယားဖြစ်သူ ငှက်မ နောက်ငှက်ထီးနှင့် ရွှေလက်တွဲထွက်ခွာသွားရာနောက်သို့ တစ်ဟုန်ထိုးပြေးလိုက်သွားကာ ထပ်မံတိုက်ခိုက်ကြပြန်သည်ကိုလည်း တွေ့ရသေးသည်။

ယင်းနောက် တိုက်ရင်းခိုက်ရင်း ငှက်နှစ်ကောင်စလုံး သွေးအလိမ်းလိမ်းဖြစ်လာချိန်တွင် လင်ကြီးဖြစ်သူ ငှက်ထီးမှာ နောက်တစ်ကြိမ် ငှက်မကို အသနားခံတောင်းဆိုခဲ့သေးသော်လည်း
ထပ်မံငြင်းဆန်ခံလိုက်ရပြန်သည့်အတွက်ကြောင့် နောက်ဆုံးတွင် မည်သို့မျှ မတတ်သာတော့ဘဲ အဝေးသို့သာ တရွေ့ရွေ့ထွက်ခွာသွားခဲ့ရသည်။

အဆိုပါဗီဒီယိုမှာ အွန်လိုင်းအသုံးပြုသူများအကြားရေပန်းစားခဲ့ပြီး ငှက်များ၏ ပြုမှုလုပ်ဆောင်ပုံများနှင့်ပတ်သက်၍ အမျိုးမျိုး ထင်မြင်ချက်များ အသီးသီး ပေးခဲ့ကြသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly