Jolie နှင့် ကွာရှင်းပြီးလျှင် ကလေးများကို ပူးတွဲအုပ်ထိန်းခွင့် ရရေးအတွက် Brad Pitt လျှောက်ထား

Jolie နှင့် ကွာရှင်းပြီးလျှင် ကလေးများကို ပူးတွဲအုပ်ထိန်းခွင့် ရရေးအတွက် Brad Pitt လျှောက်ထား

မင်းသား Brad Pitt သည် သူနှင့် Angelina Jolie ကွာရှင်းပြီးလျှင် ၎င်းတို့၏ ကလေးခြောက်ယောက်ကို ပူးတွဲ အုပ်ထိန်းခွင့် ရရှိရေးအတွက် တရားရုံးတွင် လျှောက်ထားလိုက်သည်။

မင်းသမီး Jolie သည် ကွာရှင်းပြတ်စဲခွင့်ကို စက်တင်ဘာ ၁၉ ရက်နေ့က လျှောက်ထားခဲ့ရာ ကလေးများကို သူမ တစ်ဦးတည်း အုပ်ထိန်းခွင့်ရရေးအတွက် လျှောက်ထားခဲ့ပြီး၊ ထိုအတိုင်းဆိုလျှင် Brad Pitt မှာ ကလေးများထံ သွားရောက်လည်ပတ်ခွင့်လောက်သာ ရရှိမည်ဖြစ်သည်။ ထိုအချက်ကို တုံ့ပြန်သောအားဖြင့် မင်းသား Brad Pitt သည် ကလေးများကို သူနှင့် Jolie တရားဝင် ပူးတွဲအုပ်ထိန်းခွင့် ရရေးအတွက် တရားရုံးတွင် သောကြာနေ့က လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်များအတွင်း Bradd Pitt နှင့် Jolie တို့ ဇနီးမောင်နှံဟောင်းနှစ်ဦး တရားဝင် ကွာရှင်းပြတ်စဲရေး ညှိနှှိုင်းရာတွင် ၎င်းတို့၏ ကလေးခြောက်ဦးအား အုပ်ထိန်းခွင့် မှာ အဓိက သဘောထား ကွဲလွဲစရာ အချက် ဖြစ်နေသည်။

လက်ရှိကာလတွင် ကလေးများသည် Jolie နှင့် အတူ နေထိုင်လျက်ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက People မဂ္ဂဇင်းကို ပြောပြခဲ့သည်။

“ဂျိုလီဟာ ကလေးတွေကိုပဲ အဓိက အာရုံစိုက်နေပါတယ်။ အလုပ်နဲ့ တခြားဟာတွေ အားလုံးကို သူ ဘေးချိတ်ထားပါတယ်။ သူဟာ အိမ်မှာပဲ နေ့တိုင်းနေပြီး ကလေးတွေကို ကူညီစောင့်ရှောက်   ပေးနေပါတယ်။ အိမ်စာတွေ ကူလုပ်ပေးနေပါတယ်” ဟု ထိုသူက ပြောပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags