အသရေ ဖျက်တဲ့စာများ ရေးသားသော အွန်လိုင်းသုံးစွဲသူများကို တရားဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမယ့် လီမင်ဟို

အသရေ ဖျက်တဲ့စာများ ရေးသားသော အွန်လိုင်းသုံးစွဲသူများကို တရားဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမယ့် လီမင်ဟို

ဆိုးလ် ၊ နိုဝင်ဘာ ၂ ။                     ။ တောင်ကိုရီးယား မင်းသား လီမင်ဟို၏ အေဂျင်စီ  MYM အင်တာတိန်းမန့်သည် လီမင်ဟိုအား အသေရေဖျက်သည့် မလိုမုန်းထားသော စာများ ရေးသားသည့် အွန်လိုင်းသုံးစွဲသူများကို  ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။

“မကြာခဏ ဆိုသလို လီမင်ဟိုအပေါ် အသရေဖျက်သည့် မလိုမုန်းထားသော စာများ ရေးသားတဲ့ အွန်လိုင်းသုံးစွဲသူများကို ကျွန်တောတို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်” ဟု MYM အင်တာတိန်းမန့်က ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားထားသည်။

 အေဂျင်စီသည်  အသရေဖျက်သည့် စာများကို ရေးသားသော အွန်လိုင်းသုံးသူများ၏ သက်သေ အထောက်အထားများကို နှစ်ပေါင်းများစွာကြာ စုဆောင်းထားပြီး ဥပဒေရေးရာ ကိုယ်စားလှယ်နှင့်   ဆွေးနွေးတိုင်ပင်ကာ တရားစွဲဖို့ ပြင်ဆင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လီမင်ဟိုအပေါ် အသရေဖျက်သည့်စာများ ရေးသားသော အွန်လိုင်းသုံးစွဲသူများကို Seoul Gangnam ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

လီသည် မကြာမီ ထုတ်လုပ်ပြသမည့် ဒဏ္ဍာရီပုံပြင်ကို အခြေခံထားသော ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ “The Legend of the Blue Sea” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags