အင်ဒိုနီးရှားနိုင်ငံတွင် အိဒ်ပွဲတော်ရုံးပိတ်ရက် အိမ်ပြန်ကြမည့် ပြည်သူများ သန်းချီရှိနေစဉ် မီးတောင်နှစ်လုံး မှပြာမှုန့်ချော်မှုန့်များ မှုတ်ထုတ်နေ၍ လေဆိပ်ငါးခု ပိတ်ထားရသည်။
Raung မီးတောင်နှင့် Gamalama မီးတောင်တို့မှ ပြာမှုန့်များ လွှင့်ထုတ်နေ၍ ယခုကဲ့သို့ လေဆိပ်များကို ပိတ်ထားရခြင်းဖြစ် သည်။
သီတင်းပတ်ကျော်မျှ Raung မီးတောင်က လှုပ်ရှားလာ၍ ပြီးခဲ့သည့် သီတင်းပတ်က ဘာလီလေဆိပ်အပါအဝင် လေဆိပ်များကို ပိတ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆူရာဘာယာရှိ လေဆိပ်အပါအဝင် အခြားသောလေဆိပ်များကို ဖွင့်ထားခဲ့သော်လည်း ဇူလိုင် ၁၆ ရက် ညနေပိုင်းတွင် ဆူရာဘာယာ၊ မာလန်း၊ တာနာတီလေဆိပ်တို့ကို တာဝန်ရှိသူများက ပိတ်ထားရန် အမိန့်ပေးခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်မှစကာ ဘန်ယုဝန်ဂီနှင့် ဂျမ်ဘားလေဆိပ်တို့ကို ပိတ်ခိုင်းထားရာ ယခုအချိန်ထိ ဖွင့်လှစ်သေးခြင်း မရှိပေ။
မီးတောင်များမှ ပြာမှုန့်များ မှုတ်ထုတ်လာခြင်းသည် မွတ်စလင် ဥပုသ် ပြီးဆုံးသည့် ဇူလိုင် ၁၇ အိဒ်ပွဲတော် အကြိုနေ့တွင် စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။
Ref: BBC