အောက်တိုဘာ ၂၇၊ မန်ချက်စတာ။ ။ တနင်္ဂနွေနေ့က အသင်းဟောင်း ချယ်လ်ဆီးကို အရှက်တကွဲရှုံးခဲ့ရသည့်အရှုံးကိုချေဖျက်နိုင်ရန် မန်ချက်စတာဒါဘီပွဲ၌ တောင့်တင်းသည့်လူစာရင်းဖြင့် ပွဲထွက်လာခဲ့ခြင်းဖြစ်ကြောင်း မန်စီးတီးကို ၁-၀ ဖြင့်အနိုင်ရပြီး လိဂ်ဖလားကွာတားတက်သွား ပြီးနောက် မော်ရင်ဟိုက ဝန်ခံခဲ့သည်။
မော်ရင်ဟိုသည် ပြိုင်ဘက်နည်းပြဂွာဒီယိုလာကဲ့သို့ အရန်ကစားသမားအများစုဖြင့် အသင်းကိုပွဲထွက်လာခဲ့ခြင်းမရှိဘဲ မာတာ၏ ဒုတိယပိုင်းသွင်းဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းနိုင်ပွဲမှာ မန်ယူပရိသတ်များအတွက်ရည်ညွှန်းကြောင်းနှင့် ချယ်လ်ဆီးအသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်၌ ၄-၀ ဖြင့်ရှုံးခဲ့ရမှုကို မေ့ပစ်နိုင်ကြမည်ဟု မျှော်လင့်ကြောင်း မော်ရင်ဟိုက ပြောသည်။
“အဲဒီခံစားချက်တွေကို ရှင်းထုတ်နိုင်မယ့် အခွင့်ရေးတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီပွဲက ဒါဘီပွဲဖြစ်သလို ရှုံးထွက် ပွဲ တစ်ပွဲလည်းဖြစ်နေလို့ပါ။
မန်စီးတီးကိုအနိုင်ရတာက ကျွန်တော်တို့ကို ပိုကောင်းတဲ့စိတ်ခံစားမှုကို ရရှိစေပါတယ်။ ကစားသမားတွေအတွက် အထူးသဖြင့် ပရိသတ်တွေအတွက် ကျွန်တော်ပျော်မိပါတယ်”ဟု မော်ရင်ဟိုက ပြောသည်။
Ref; Daily Mail