လာမယ့် နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့မှာ စတင်ကျင်းပမယ့် အာဆီယံ ချန်ပီယံရှစ် ဆူဇူကီးဖလားအတွက် မြန်မာ့လက်ရွေးစင်အသင်းဟာ အကြိုပြင်ဆင်မှုတွေအဖြစ် ကစားမယ့် ခြေစမ်းပွဲ နှစ်ပွဲကို မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။
မြန်မာအသင်းဟာ နိုဝင်ဘာ ၄ ရက် ညနေ ၅း၀၀ နာရီတွင် အင်ဒိုနီးရှား လက်ရွေးစင်အသင်း၊ နိုဝင်ဘာ ၁၄ ရက် ညနေ ၅း၀၀ နာရီတွင် အိုမန် လက်ရွေးစင်အသင်းများနှင့် ခြေစမ်းပွဲများ ကစားသွားမှာဖြစ်ပြီး ကွင်းဝင်ကြေးအဖြစ် အထူးတန်း ၃၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းက ဗီယက်နမ်၊ မလေးရှား၊ ခြေစစ်ပွဲအောင် တစ်သင်းတို့နှင့် အုပ်စု (ခ) တွင် ကျရောက်လျက်ရှိပြီး နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ဗီယက်နမ်အသင်းနှင့် သုဝဏ္ဏအားကစားကွင်းမှာ ပွဲဦးထွက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်မှာ ခြေစစ်ပွဲအောင်အသင်း၊ နိုဝင်ဘာ ၂၆ ရက်မှာတော့ မလေးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Myanmar Football Federation