အောက်တိုဘာ ၂၆၊ အင်္ဂလန် ။ ။ အာဆင်နယ်အသင်းက ရီးဒင်းအသင်းကို အနိုင်ရသည့်ပွဲတွင် အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးခဲ့သောကြောင့် ချိန်ဘာလိန်သည် အာဆင်နယ်ကစားသမားဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီအတွင်း ငါးဂိုးသွင်းနိုင်သည့် စံချိန်ကို တင်နိုင်ခဲ့သည်။
ဆောက်သမ်တန်အသင်းမှ အာဆင်နယ်သို့ စတင်ရောက်ရှိလာသည့် ၂၀၁၁ ခုနှစ်မှ စတင်ပြီး ချိန်ဘာလိန်မှာ တစ်ရာသီလျှင်အများဆုံး လေးဂိုးသာသွင်းနိုင်ခဲ့သည်။ ယခုနှစ်တွင်မှု ချိန်ဘာလိန်မှာ ခြေစွမ်းပြလျက်ရှိပြီး ရာသီအစမှာပင် ငါးဂိုးသွင်းထားနိုင်ပြီ ဖြစ်သည်။
ချိန်ဘာလိန်၏သွင်းဂိုးများကြောင့် အာဆင်နယ်အသင်းမှာ ရီးဒင်းကိုအနိုင်ရခဲ့ပြီး အင်္ဂလန်လိဂ်ဖလား(EFL Cup)တွင် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ချိန်ဘာလိန်အနေဖြင့် ၎င်း၏လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းပြီး ဂိုးများသွင်းယူနိုင်ပါက ပရီးမီးယားလိဂ်ပြိုင်ပွဲများတွင် နေရာပေးသွားမည်ဟု ပြောဆိုခဲ့သည်။
အသက် ၂၃ နှစ်အရွယ်ရှိ ချိန်ဘာလိန်သည် အာဆင်နယ်တွင် ပထမကစားသမားနေရာမရသည့်အတွက် ပွဲထွက်ခွင့်ရမည့်အသင်းသို့ ပြောင်းလိုကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောဆိုခဲ့သူ ဖြစ်သည်။ နည်းပြအာစင်ဝင်းဂါးကတော့ အသင်းတွင်ဆက်နေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် တိုက်တွန်းခဲ့သည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း