လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၁ ။ ။ “The Hunger Games” မင်းသမီး ဂျနီဖာလော်ရင့်စ်သည် ဒါရိုက်တာ ဒါရန်အေရိုနိုစကီနှင့် တွဲနေကြောင်း လော်ရင့်စ်နှင့် နီးစပ်သော သတင်းအရင်းမြစ်တစ်ခုက PEOPLE မဂ္ဂဇင်းကို ပြောကြားခဲ့သည်။
ယခုနှစ် နွေရာသီက အသက် ၂၆ နှစ်အရွယ်ရှိ လော်ရင့်စ် နှင့် အသက် ၄၇ နှစ်အရွယ် အေရိုနိုစကီတို့သည် နာမည်မပေးရသေးသော် ရုပ်ရှင်ကားကို အော်စကာဆုရှင် မင်းသမီး အက်ဒ်ဟာရစ် နှင့် မင်းသားဂျာဗီအာဘာဒမ်တို့နှင့် တွဲဖက်၍ ပါဝင်သရုပ်ဆောင်ခဲ့သည်။
လော်ရင့်စ် နှင့် ဒါရန် အေရိုနိုစကီတို့ နှစ်ဦး သြဂုတ်လက နေ့လယ်စာ အတူစားနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး တွဲနေသည်ဟူသော ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့သည်။
“ ကျွန်မတွဲတဲ့ အမျိုးသားတွေနဲ့ ပတ်သက်လို့ကတော့ သတ်မှတ်ထားတဲ့ ပုံစံမျိုး မရှိပါဘူး။ ကျွန်မရဲ့ အရင် ရည်းစားတွေ အားလုံးဟာ နှိုင်းယှဉ်ပြောလို့ မရတဲ့ သူတွေလို့ ကျွန်မထင်ပါတယ်”ဟု လော်ရင့်စ်က Harper’s Bazaar ဖက်ရှင် မဂ္ဂဇင်းကို ယခုနှစ် စောပိုင်းက ပြောကြားခဲ့သည်။
ဒါရိုက်တာ အေရိုနိုစကီသည် ဘရန်ဒီအန်မေဘရက်ဒ်နှင့် စေ့စပ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်က လမ်းခွဲခဲ့ကြောင်း နှင့် အေရိုနိုစကီသည် ဇနီးဟောင်းဖြစ်သူ ရစ်ချဲဝိုက်စ် နှင့် အသက် ဆယ်နှစ်အရွယ် ဟင်နရီ အမည်ရှိ သားတစ်ယောက် ထွန်းကားခဲ့သည်။ ဂျနီဖာလော်ရင့်စ်သည် မင်းသား နီးကိုးစ်ဟော့ နှင့် နှစ်ပေါင်းများစွာ တွဲခဲ့သူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်နှစ်က Coldplay အဖွဲ့ခေါင်းဆောင် ခရစ်မာတင် နှင့် လမ်းခွဲခဲ့သည်။