အောက်တိုဘာ ၂၁၊ နေပယ်။ ။ လီဗာပူးလ်အသင်းသည် နာပိုလီတိုက်စစ်မှူး အင်ဆစ်ဂ်နီကို ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းနှင့်အပြိုင်ခေါ်ယူရန် ကြိုးပမ်းမည်ဟု ကယ်စီယိုမာကာတိုသတင်းတွင် ဖော်ပြထားသည်။
အီတလီလက်ရွေးစင်ကစားသမားသည် နာပိုလီအသင်းနှင့်စာချုပ်သစ်ချုပ်ရန်ဆွေးနွေးမှုအဆင်မပြေသဖြင့် သင့်တော်သော ပြောင်းရွှေ့ကြေးဖြင့် အသင်းပြောင်းဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။
သို့ဖြစ်ရာ အင်ဆစ်ဂ်နီကို စိတ်ဝင်စားနေသော အင်္ဂလန်အသင်းများအတွက် ခေါ်ယူရန် အခွင့်အရေးရလာနိုင်သည့် အခြေအနေ ဖြစ်နေသည်။
သို့သော် နာပိုလီအသင်းက အင်ဆစ်ဂ်နီ၏ ပြောင်းရွှေ့ကြေးကို ပေါင် ၄၄ သန်းသတ်မှတ်ထားသည်။
Ref; goal.com