ဘရက်ဒ်ပစ်နှင့် သားသမီးများ ပြန်လည် ပေါင်းဆုံပွဲကို တတ်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့ သားဖြစ်သူ မက်ဒ်ဒေါ့ဇ်

ဘရက်ဒ်ပစ်နှင့် သားသမီးများ ပြန်လည် ပေါင်းဆုံပွဲကို တတ်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့ သားဖြစ်သူ မက်ဒ်ဒေါ့ဇ်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၀ ။             ။ ကွာရှင်းရန် လျှောက်ထားခွင့် တင်ထားသော ဟောလိဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီ နှင့် ဘရက်ဒ်ပစ်တို့ ဇနီးမောင်နှံ၏ အကြီးဆုံးသားဖြစ်သူ မက်ဒ်ဒေါ့ဇ်သည်  ဘရက်ဒ်ပစ်နှင့် ပြန်လည်ပေါင်းဆုံပွဲသို့ တတ်ရောက်ရန် ငြင်းဆိုခဲ့ပြီး ၎င်းကိုယ်၎င်း ဘရက်ဒ်ပစ်၏ သားအဖြစ် မရှုမြင်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရင်းမြစ်တစ်ခုက  Us Weekly ကို ပြောကြားခဲ့သည်။

မက်ဒ်ဒေါ့ဇ်သည် အိန်ဂျလီနာဂျိုလီ နှင့် နေထိုင်ရန် ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ညီအစ်ကို မောင်နှမများဖြစ်သော အသက် ၁၂ နှစ်အရွယ် ပက်ဇ် ၊ အသက် ၁၁ နှစ်အရွယ် ဇာဟာရာ ၊ အသက် ၁၀ နှစ်အရွယ် ရှီလော့ရှ် ၊ အမြွှာနှစ်ယောက်ဖြစ်သော နော့ဇ် နှင့် ဗီဗီအမ်တို့သည် ဘရက်ဒ်ပစ်နှင့် ပြန်လည် ပေါင်းဆုံပွဲကို တတ်ရောက်ခဲ့သည်။

“မက်ဒေါ့ဇ်ဟာ ဂျိုလီကို အရမ်းခင်တွယ်တဲ့ သူတစ်ယောက်ဖြစ်တယ်။ သူက သူကိုယ့်သူ ဘရက်ဒ်ပစ်ရဲ့ သားတစ်ဦးဖြစ်တယ်လို့ မရှုမြင်ဘူးလို့  ပြောပါတယ်”ဟု  ဂျိုလီနှင့် နီးစပ်သော သတင်းအရင်းမြစ်တစ်ခုက  Us Weekly မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

အသက် ၁၅ နှစ်အရွယ် မက်ဒ်ဒေါ့ဇ် နှင့် ဘရက်ဒ်ပစ်တို့သည် စက်တင်ဘာ ၁၄ရက်က ကိုယ်ပိုင်ဂျက် လေယာဉ်ပေါ်တွင် ဖြစ်ပွားခဲ့သော စကားများမှုတွင် ပါဝင်ပတ်သက်ခဲ့ကြပြီး အမည်မသိသူတစ်ဦးက ဘရက်ဒ်ပစ်သည် ၎င်း၏ သားအကြီးဆုံးဖြစ်သူ မက်ဒ်ဒေါ့ဇ်ကို နှုတ်ရော ကိုယ်ပါ ကိုယ်ထိလက်ရောက် ပြုမှုခဲ့ကြောင်း  လော့စ်အိန်ဂျလိစ် ခရိုင် ကလေးသူငယ် နှင့် မိသားစုဝန်ဆောင်မှုဌာန (DCFS) သို့ ဖုန်းဆက် ပြောကြားခဲ့သည်။

“မက်ဒေါ့ဇ်ဟာ ဘရက်ပစ်နဲ့ ထပ်မံတွေ့လိုခြင်း မရှိဘူးလို့  ပြောကြားပါတယ်”ဟု ဂျိုလီနှင့် နီးစပ်သော သတင်းအရင်းမြစ်က  Us Weeklyကို ပြောကြားခဲ့သည်။

ဂျိုလီသည်  ဘရက်ပစ်နှင့် စတင် မတွဲမီ နှစ်နှစ်အလို ၂၀၀၂ ခုနှစ်က မက်ဒေါ့ဇ်ကို ကမ္ဘောဒီယားနိုင်ငံမှ ခေါ်ယူ မွေးစားခဲ့သည်။ ဘရက်ဒ်ပစ်သည် ၂၀၀၄ ခုနှစ်က မက်ဒေါ့ဇ်ကို တရားဝင် မွေးစားခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ဂျိုလီသည်  အသက် ၅၂ နှစ်အရွယ် ဘရက်ပစ်ဒ် နှင့် ကွာရှင်းပေးရန် တရားရုံးတွင် လျှောက်ထားခဲ့ပြီး ညှိနိုင်း၍ မရသော ကိစ္စရပ်များကြောင့် ကွာရှင်းခွင့်ပေးပါရန် လျှောက်ထားချက်တွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly