အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် DPN ပါ၀င်ရန် ခက်ခဲနေဆဲဖြစ်

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် DPN ပါ၀င်ရန် ခက်ခဲနေဆဲဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၂၀ ။             ။ တိုင်းနှင့် ပြည်နယ်အလိုက် အမျိုသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် အပစ်ရပ် လက်မှတ်မထိုးရသေးသည့် UNFC မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ DPN အနေဖြင့် ပါဝင်နိုင်ရန် လတ်တလော အခြေအနေအရ ခက်ခဲနိုင် သေးကြောင်း DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ် ကပြောသည်။

“ မူဘောင်ပြန်လည် သုံးသပ်ခြင်းနှင့် ပက်သက်ပြီးတော့ အခုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်ကို သွားမယ့် အနေထားကတော့ ကျွန်တော်ထင်တယ် လောလောဆယ်မှာတော့ အဆင်သင့်ဦးမယ်လို့မထင်ဘူး “ ဟု ခူဦးရယ်က ပြောဆိုသည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် နိုင်ငံရေးမူဘောင် ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ ကျင်းပမယ့် အထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တရားဝင်နိုင်ငံရေး ပါတီများ ပြီးတော့ အရပ်ဖက် လူမှုအဖွဲ့စည်းတွေ ပါဝင်ပါတယ်။ ဆိုတော့ အကယ်လို့ သူတို့အနေနဲ့ လက်မှတ်မထိုးနိုင်သေးလို့ မပါသေးဘူးဆိုရင် လည်းပဲ သက်ဆိုင်ရာပြည်နယ်မှာ ခုနကကျွန်တော်ဖော်ပြတဲ့ အဖွဲ့အစည်းတွေရှိတယ်ဆိုတော့ ဆက်ပြီးတော့ လုပ်နိုင်တဲ့ အနေထားတော့ရှိပါတယ်။ ဒါကတော့ မူဘောင်က ခွင့်ပြုထားတဲ့အပိုင်းပေါ့နော် " ဟု ချင်းအမျိုးသားတပ်ဦး CNF ဒု ဥက္က ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် တိုင်းနှင့် ပြည် နယ်ကြီး ၁၄ ခုတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များကို ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်း ရေးပူးတွဲကော်မတီ (UPDJC) တွင် အတည်ပြုသွားမည် ဖြစ်သည်။

“ အဲဒီနောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ UPDJC မှာပဲ ပေးမယ်လို့တော့ မျှော်လင့်ထားတယ်ပေါ့နော်" ဟု အကြိူပြင် ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှက ပြောသည်။

အကြောင်းအရာအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာနှင့် သံယံဇာတ များကို ကော်မတီ ဟူ၍ ခေါင်းစဉ် ၅ခုရှိသည့်အတွက် လုပ်ငန်းကော်မတီ ၅ ခုဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆွေးနွေး ကြမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲရလာဒ်များကို ပြည်ထောင်စုငြိမ်းချမ်း ရေးပူးတွဲကော်မတီ (UPDJC) တွင် အတည် ပြု သွားမည်ဖြစ်ပြီး ရရှိလာသည့်အချက်များကို ၆ လတစ်ကြိမ် ပင်လုံ ညီလာခံတွင် ဆွေးနွေးတင်ပြသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly