ခရီးသွားတဲ့အခါမှာ ဘာကြောင့် တစ်ယောက်တည်းသွားတာထက် အုပ်စုလိုက်သွားသင့်တာလဲဆိုတဲ့ အကြောင်းပြချက်(၈)ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ကုန်ကျစရိတ်သက်သာစေတယ်
တစ်ယောက်တည်းခရီးထွက်တာထက်စာရင် သူငယ်ချင်းတစ်ယောက်နဲ့ တူတူ ခရီးထွက်တဲ့အခါကျ ကုန်ကျစရိတ်ကို မျှဝေခံရတာဖြစ်တာကြောင့် ကုန်ကျစရိတ်ကို ပိုသက်သာစေပါတယ်။
(၂) အမှတ်တရတွေ ပိုမိုဖန်တီးနိုင်တယ်
သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်သွားတဲ့အခါကျ ခပ်နောက်နောက်ပုံစံမျိုးတွေ၊ ခရေစီပို့စ်တွေမျိုးတွေနဲ့ ဓာတ်ပုံရိုက်ဖြစ်တာကြောင့် အမှတ်တရတွေ ပိုမိုဖန်တီးနိုင်မှာပါ။
(၃) စိတ်လှုပ်ရှားရင်ခုန်ဖို့ကောင်းတယ်
သူငယ်ချင်းတွေနဲ့ တူတူခရီးထွက်တော့မယ်လို့ စီစဉ်ကတည်းက ကြို တွေးရင်ခုန်ရ၊ စိတ်လှုပ်ရှားရတာ အမောပေါ့။ ကြိုတင်စီစဉ်လို့လည်း မပြီးနိုင်တော့ဘူးလေ။
(၄) စကားပြောဖော်ရတယ်
ခရီးလမ်းတစ်လျှောက်မှာ ပျင်းစရာမလိုတော့ဘူး။ လမ်းတစ်လျှောက် ပေါက်ပေါက်ဖောက် စကားပြောနေရတာလည်း အရသာတစ်ခုပါပဲ။
(၅) သံယောဇဉ်ပိုမိုတိုးစေတယ်
ခရီးထွက်တဲ့အခါမှာ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်း သံယောဇဉ်ပိုတိုးလာတတ်ပါတယ်။
(၆) အုပ်စုဖွဲ့လှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်တယ်
စခန်းချခရီးထွက်ခြင်း၊ အပျော်ဖောင်စီးခြင်း၊ တောင်တက်ခြင်းအစရှိတဲ့ အုပ်စုဖွဲ့သွားရတဲ့ လှုပ်ရှားမှုတွေလုပ်နိုင်တယ်။
(၇) ညဘက်ဟာ နေ့ဘက်လိုပဲ
သူငယ်ချင်းတွေနဲ့ ခရီးတူတူထွက်တဲ့အခါမှာ ညအိပ်ယာ စောစောမဝင်ဖြစ်ဘဲ ကစားနည်းမျိုးစုံကစားဖြစ်တာမျိုးတွေက ခရီးစဉ်ကို ပိုလို့တောင် စိုပြေစေပါတယ်။
(၈) တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာစေတယ်
ခရီးတူတူထွက်တယ်ဆိုတာ တစ်ယောက်ကြောင်းတစ်ယောက် နားလည်ဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲ။ ဘယ်သူက ကိုယ့်အပေါ်ကောင်းတယ် ဘယ်သူက ကိုယ့်အပေါ်မရိုးဘူးလဲဆိုတာကို ခွဲခြားသိနိုင်မယ့် အခြေနေတစ်ရပ်ဖြစ်ပါတယ်။