မန်ယူပရိသတ်များ အနေဖြင့် အောင်မြင်မှုကို လိုချင်လျှင် မော်ရင်ဟို၏ အယူအဆကို လက်ခံရမည်ဟု ဂစ်ပြော

မန်ယူပရိသတ်များ အနေဖြင့် အောင်မြင်မှုကို လိုချင်လျှင် မော်ရင်ဟို၏ အယူအဆကို လက်ခံရမည်ဟု ဂစ်ပြော

အောက်တိုဘာ ၁၈၊ မန်ချက်စတာ။                ။ မန်ယူပရိသတ်များအနေဖြင့် အောင်မြင်မှုကို လိုချင်ပါက နည်းပြမော်ရင်ဟို၏ နည်းစနစ် အယူအဆများကို လက်ခံရမည်ဟု ရွိုင်ယန်ဂစ်က ပြောသည်။

မန်ယူအသင်းသည် လီဗာပူးလ်နှင့် ဂိုးမရှိသရေ ကစားနိုင်ခဲ့သော်လည်း ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

ပြီးခဲ့သည့်လက မန်စီးတီးကို ၁-၀ ဂိုးဖြင့်ရှုံးခဲ့သောကြောင့် နည်းပြမော်ရင်ဟိုသည် နောက်ထပ် ဒါဘီပွဲတစ်ပွဲ ထပ်မရှုံးအောင် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းမှာ အဝေးကွင်းတွင် အဖိုးတန်အမှတ် တစ်မှတ်ရရှိခဲ့ပြီး လီဗာပူးလ်မှာမူ အမှတ်ပေးဇယားထိပ်တွင် မန်စီးတီး၊ အာဆင်နယ်တို့နှင့် ပူးတွဲဦးဆောင်ခွင့်ရမည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။

“ဒီည အခြေအနေကို ကျွန်တော်တို့ လက်ခံရပါမယ်။ ဒီညမှ ရှုံးသွားခဲ့ရင် ဖိအားတွေ ဝင်တော့မယ်။ ပြီးရင် ချယ်လ်ဆီး၊ ဖီနာဘာချီ တို့ကို အနိုင်ကစားဖို့ လိုလာတော့မယ်။

အဲဒါက ထိပ်ဆုံးကို ပြန်ရောက်ဖို့ နည်းလမ်းပါ။ ဒီညမှကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းပဲရှိခဲ့တယ်။ ဗန်ဟားလ်လက် ထက်တုန်းက ၆၅ ရာခိုင်နှုန်းရှိတယ်။ ဒါပေမဲ့ အနိုင်မရခဲ့ပါဘူး”ဟု မန်ယူကစားသမားနှင့် လက်ထောက်နည်းပြဟောင်း ဂစ်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly