နယူးယော့ခ် ၊ အောက်တိုဘာ ၁၇ ။ ။ ကမ္ဘာကျော်အဆိုတော် ဘီယွန်စေးသည် နယူးယော့ခ်မြို့ Barclays Center တွင် ကျင်းပပြုလုပ်သည့် “Tiadl X 1015” ဖျော်ဖြေပွဲအတွင်း ၎င်း၏နားမှသွေးများ ထွက်နေသော်လည်း ပရိသတ်များကို ဆက်လက် ဖျော်ဖြေခဲ့သည်။
ဘီယွန်းစေးသည် “Haunting” တေးသီချင်းကို စတင်ဖျော်ဖြေနေစဉ် နားမှသွေးများ စတင်ထွက်လာခြင်းဖြစ်ကြောင်း ဖျော်ဖြေပွဲကို ကြည့်ရှုနေသော ပရိတ်သတ်များသည် ထိတ်လန့်နေသော်လည်း ဘီယွန်းစေးသည် ဆက်လက် ဖျော်ဖြေခဲ့သည်။
ဖျော်ဖြေနေစဉ် ဘီယွန်စေး၏ ရှည်လျားလှသော ကျစ်ဆံမြီးနှင့် နားကပ်တို့ မတော်တဆ ချိတ်မိသွားခဲ့ရာမှ နားရွက်စုတ်ပြဲသွားခဲ့ပြီး သွေးထွက်ခဲ့ခြင်းဖြစ်ကြောင်း BETသတင်းဌာနက ဖော်ပြထားသည်။
ဘီယွန်းစေသည် ဖျော်ဖြေပွဲအတွင်း မကြာမီ ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မဲပေးကြဖို့ ပရိတ်သတ်များကို တိုက်တွန်း ပြောကြားခဲ့သည်။
ပညာရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ပေးနေသော Robin Hood ဖောင်ဒေးရှင်း ရန်ပုံငွေ တိုးမြှင့်ရန်အတွက် ကျင်းပပြုလုပ်သော အဆိုပါ ဖျော်ဖြေပွဲတွင် လော်ရန်ဟေးလ် ၊ နစ်ကီမင်န ၊ အဲလက်ဆီအာကီးစ် နှင့် အခြားသော တေးသံရှင်များလည်း ပါဝင်ဖျော်ဖြေခဲ့သည်။