မောင်တောတောင်ပိုင်းတွင် ကျောင်းဆရာ တစ်ဦး သေနတ်ပစ်ခံရ

မောင်တောတောင်ပိုင်းတွင် ကျောင်းဆရာ တစ်ဦး သေနတ်ပစ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၅ ။              ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်တောင်ပိုင်း အထက်ကန်သာယာရွာ ကျောင်းဆရာတစ်ဦး သေနတ် အပစ်ခံရ ကြောင်း မောင်တော(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ပြောသည်။

“ ရွာနဲ့ ၁ မိုင် ကျော်လောက်ရှိတယ်။ အဲဒီမှာ နွားကျောင်းတယ် လို့ပြောတယ် အဲဒီက သူတွေက နွားကျောင်း နေတုန်း သူ့ကို အောက်က လှမ်းပစ်တာပေါ့။ ဝမ်းဗိုက်အောက်မှာ ထိတယ် ကျဉ်ထွက်ရင် အဖြေသိနိုင်မှာပေါ့ အခုကတော့ အမျိုး မျိုးဝေဖန်မှုတွေ ထွက်နေတယ် “ ဟု ၎င်းက ပြောဆိုသည်။

ကျောင်းဆရာ ကိုရန်းဇု (ခ) ကိုသန်းထွန်း အသက်(၂၁)နှစ်ကျော်သည် အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည် (၁၁) နာရီကျော်ခန့်က သေနတ်ဖြင့် ပစ်ခံခဲ့ရခြင်း ဖြစ်ပြီး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိ သဖြင့်   နေ့လည်(၂) နာရီခန့်တွင် မောင်တောဆေးရုံ သို့ ရောက်ရှိဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“ မစိုးရိမ်ရဘူး တပ်ကလည်းရှိတယ်။ အကုန်လုံးရှိတယ်ဆိုတော့ ဘယ်သူ့လက်ချက်လည်းဆိုတာတော့ သူလည်းမပြောနိုင်ဘူး ။ အနီးစပ်ဆုံးသူလည်း မပြောနိုင်ဘူး။ ဆေးရုံကို ၁ နာရီ ၄၅ လောက်မှ   ရောက်တယ် ဆေးရုံနဲ့ ၇ မိုင် လောက်ဝေးတယ်။ တောလမ်းက လာရတာဆိုတော့ ဖြစ်တဲ့နေရာကလည်း နည်းနည်းတောနက်တယ်လေ ” ဟု ဦးထွန်းလှစိန်က ဆိုသည်။

သေနတ်အပစ်ခံခဲ့ရသူ ကိုသန်းထွန်းသည် အစိုးရ ကျောင်းဆရာတစ်ဦးမဟုတ်ဘဲ ကျောင်းဆရာ ဆရာမ ရှားပါးသောကြောင့် အထက်ကန်သာယာရွာမှ အခကြေးငွေဖြင့် သင်ကြားပေးနေသူ တစ်ဦးဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအချိန်ထိ မောင်တောခရိုင်ဆေးရုံတွင် အတွင်းလူနာအဖြစ် ခွဲစိတ်ကုသခံနေရပြီး တပ်ရင်း တပ်မှူးများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required