ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထူး အစည်းအဝေး ကျင်းပ

ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထူး အစည်းအဝေး ကျင်းပ
Photo-Myanmar President Office

ရန်ကုန်၊ အောက်တိုဘာ ၁၄ ။              ။ အစိုးရသစ် တာဝန်ယူပြီး ခြောက်လအတွင်း နိုင်ငံခေါင်းဆောင်များ စုံလင်စွာတက်ရောက်သည့် နိုင်ငံတော်အတွင်း လက်ရှိဖြစ်ပေါ်နေသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အထူးအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပခဲ့သည်။

အထူးအစည်းဝေးတွင် အဓိကအကြောင်း အရာများအဖြစ် ရခိုင်ပြည်နယ်အခြေနေ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုက်ပွဲအခြေနေ တို့ကို  အဓိကထားဆွေးနွေးခဲ့ကြသည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့် ှSSA အဖွဲ့၏ ဆောင်ရွက်ချက်များ၊ "ဝ" အထူးဒေသ(၁)နှင့် အထူး ဒေသ(၄) မိုင်းလားတွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့အား တိုက်ပွဲဝင်အသင့် စွမ်းရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နိုင်ငံတော်အတိုင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ကျော်တင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။

အထူးအစည်းဝေးသည် အစိုးရသစ်ထက်တွင် ပထမဆုံးဖြစ်ဖွယ်ရှိပြီး နိုင်ငံအကြီးကဲများစုံလင်စွာ တက်ရောက်သည့် အစည်းဝေးလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly