မောင်တောမြောက်ပိုင်းတွင် စားနပ်ရိက္ခာအခက်ခဲကြံုနေ

မောင်တောမြောက်ပိုင်းတွင် စားနပ်ရိက္ခာအခက်ခဲကြံုနေ
ဓာတ်ပုံ ဦးမောင်အုန်း Facebook

ရန်ကုန်၊ အောက်တိုဘာ ၁၄ ။             ။ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် မောင်တောခရိုင်မြောက်ပိုင်းတွင် ပြည်သူများ စားနပ်ရိက္ခာ အခက်ခဲဖြစ်ပွားနေသည် ဟု မောင်တောခရိုင် တိုင်းဒေသကြီးလွှတ်တော်(၂) အမတ်ဖြစ်သူ ဦးမောင်အုန်းက မဇ္ဈိမသို့ ပြောသည်။

“ အရင်ကတော့ အဲဒီ ပုံစံတော့မရှိပါဘူး ။အခု ၉ ရက်နေ့ကနေပြီး ပြဿနာဖြစ်ပြီးမှ သူတို့က ရွာကနေအပြင် ထွက်လို့ မရတဲ့ အခြေနေရှိပါတယ်။ ပြီးရင် အခုဆိုသူတို့မှာ ပိုက်ဆံလည်းမရှိတော့ဘူး မြို့ထဲကိုလည်း လာလို့မရ အခြေနေရှိ နေကြတယ်။ အဲဒါကြောင့် သူတို့က အခက်ခဲဖြစ်နေကြတယ် “ ဟု ၎င်းက ပြောသည်။

မောင်တောတစ်မြို့နယ်လုံးတွင် ကျေးရွာပေါင်း ၃၀၀ ကျော်ခန့်ရှိပြီး ရွာ ၄၀ ကျော်ခန့်မှာ စားနပ်ရိက္ခာ အခက်ခဲဖြစ်နေသည်ဟု အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ (မောင်တော) မှ တွဲဖက်အတွင်းရေးမှူး ဒေါ်မြမြသိန်းကလည်း ပြော သည်။

 “ သွားလို့ကို မရတာရှင့်။ အဲဒီ ရွာတွေကို။ ဟိုမှာတိုက်ပွဲတွေက ရှိနေတော့လေ ဆက်ဖြစ်နေတုန်းပဲ " ဟု ၎င်းက ပြော သည်။

အောင်ဇေယျ နတလ၊ ပြသားရွာ ၊ အောင်သာယာ နတလ၊ အောင်မင်္ဂလာ နတလ၊ သရက်အုပ်၊ ရွက်ညိုတောင်၊ ခြံပြင်၊ ငါးခူရ ၊ ကပ္ပကောင်း၊ စံပေပင်ရင်း၊ အထက်ပြူးမ၊ အောက်ပြူးမ၊ ဖားဝပ်ချောင်း၊ လောင်းဒုံ၊ ငါးခူရ မြို့သစ် စသည့် ကျေး ရွာများ အပါအဝင် အခြားကျေးရွာ (၄၀) ကျော်၍ စားနပ်ရိက္ခာအခက်ခဲဖြစ်နေကြာင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မောင်တောခရိုင်ရှိ ကျေးရွာများသို့ စား နပ်ရိက္ခာများ ထောက်ပံ့ပေးမည်ဟု ပြောထားသော်လည်း လက်ရှိအချိန်ထိလာ ရောက်ထောက်ပံ့ ပေးခြင်းမရှိသေးကြောင်း တိုင်းဒေသကြီးလွှတ်တော် (၂) အမတ်ဖြစ်သူ ဦးမောင်အုန်းက ပြောသည်။

“ စားနပ်ရိက္ခာတွေပို့ပေးနိုင်ဖို့လိုတယ် ။ ကျွန်တော်တို့ မြို့နယ်တွင်းကလည်း ဘယ်လောက်ပို့ပေးနိုင်ပါ့မလည်း ။ ရှိမှမရှိ တာ ရှိတာလေးတွေကို ပို့ပေးဆိုတော့ လူမှုဖူလုံရေးအဖွဲ့က အမြန်ဆုံးပို့ပေးဖို့လိုပါတယ် ။ သူတို့ဆီကိုလေ ပြီးတော့ သွားလာလို့ရအောင်လည်း သူတို့ကို လုံခြုံရေးအပြည့်ပေးဖို့လိုတယ်။ လုံခြုံရေးမရှိတဲ့ သူတွေလည်း ရှိတယ် ။ သွားရတာ အခက်ခဲဖြစ်နေကြတယ်ဆိုတော့ တစ်နေ့လုပ်စာမှ တစ်နေ့ ထမင်းစားနေရတဲ့ အခြေနေတွေဆိုတော့ တော်တော်လေး အခက်ခဲရှိနေပါတယ်။” ဟု ၎င်းကပြောသည်။

သို့သော်လည်း မောင်တောခရိုင်တွင် စာနပ်ရိက္ခာ အခက်အခဲဖြစ်နေသူမည်မျှရှိသည်ကို တိတိကျကျ မသိရှိနိုင်သေးကြောင်း ဦးမောင်အုန်းက ဆိုသည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မောင်တောမြို့နယ်နှင့် အလှမ်းဝေးသည့် ကျေးရွာများမှ ဒေသခံများသည် ဘူးသီး တောင်မြို့နယ်နှင့် မောင်တောမြို့နယ် အလိုတော်ပြည့် ဘုန်းတော်ကြီးများတွင် သွားရောက်ခိုလှုံလျက်ရှိပြီး အချို့မှာ စစ်တွေသို့ ထွက်ခွာလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly