အကြီးမားဆုံး နောင်တမှာ မန်ယူတွင် ကစားခွင့် မရခဲ့ခြင်းဟု နက်ဗက် ဖွင့်ဟ

အကြီးမားဆုံး နောင်တမှာ မန်ယူတွင် ကစားခွင့် မရခဲ့ခြင်းဟု နက်ဗက် ဖွင့်ဟ

အောက်တိုဘာ ၁၃၊ ချက်။                ။ ကစားသမားဘဝတွင် အကြီးမားဆုံး နောင်တမှာ မန်ယူအသင်းတွင် ကစားရန်အခွင့်အရေး မရခဲ့ခြင်းဖြစ်ကြောင်း ချက်ဂန္ထဝင် ကစားသမား နက်ဗက်က ပြောသည်။

အသက် ၄၄ နှစ်အရွယ် နက်ဗက်သည် ကစားသမားဘဝ ၁၈ နှစ်တာကာလအတွင်း ၂၀၀၃ ခုနှစ် ဥရောပအကောင်းဆုံး ဘောလုံးသမား ဆုအပါအဝင် ဆုတံဆိပ်များစွာ ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဂျူဗင်တပ်၌ ကစားသမားဘဝကို အနားယူခဲ့သည်။

သို့သော် နက်ဗက်က မန်ယူအသင်းတွင် ၁၉၉၆ မှ ၉၈ ထိကစားခဲ့သော ချက်အသင်းဖော်ဟောင်း ပိုဘောစကီးကို မနာလိုဖြစ်မိ သည်ဟု ဝန်ခံပြောဆိုသည်။

“နောင်တတစ်ခုလား။ အဲဒါကတော့ မန်ယူအတွက် မကစားပေးခဲ့ရတာကိုပါ။ ကျွန်တော် ကစားပေးချင်ခဲ့တာပါ။ ကမ်းလှမ်းမှုက ရောက်မလာခဲ့ဘဲ ချယ်လ်ဆီးအသင်းကသာ စိတ်ဝင်စားတယ်လို့ ပြသခဲ့ပါတယ်။

ကျွန်တော်လေးစားရတဲ့ ပေါလ်စခိုးလ်၊ ဂစ်တို့မျိုးဆက်ကို သဘောကျတယ်။ မန်ယူအသင်းမှာ ပွဲအတွေ့ကြုံကောင်းတွေရခဲ့တဲ့ ပိုဘောစကီးကို နည်းနည်း မနာလိုဖြစ်မိတယ်။

မန်ယူအသင်းမှာ ကစားခဲ့ရတဲ့ ခံစားမှုကို သူကြိုက်နေတုန်းပဲလို့ ကျွန်တော်သိတယ်”ဟု နက်ဗက်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly