ရခိုင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်းမှုသည် အချုပ်အခြာအာဏာကို ထိပါးခြင်း ဖြစ်ကြောင်း မြန်မာမွတ်စလင်အဖွဲ့စည်းများကဆို

ရခိုင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်းမှုသည် အချုပ်အခြာအာဏာကို ထိပါးခြင်း ဖြစ်ကြောင်း မြန်မာမွတ်စလင်အဖွဲ့စည်းများကဆို

ရန်ကုန်၊ အောက်တိုဘာ ၁၂ ။         ။ ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ဝင်ရောက်စီးနင်းခဲ့သည့် အကြမ်းဖက်မှု ကျူးလွန် သည့် မည်သည့် ပြည်တွင်းပြည်ပ  အဖွဲ့အစည်းများကိုမဆို မြန်မာမွတ်စလင် အရပ်ဖက် အဖွဲ့စည်းများမှ ပြင်းပြင်း ထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ကို အောက်တိုဘာလ ၁၂ရက်နေ့ နံနက် ပိုင်းက ထုတ်ပြန်ခဲ့သည်။

“ အခုဖြစ်နေတဲ့ အကြမ်းဖက်မှုတွေအပေါ်မှာ ပြည်သူတစ်ယောက်အနေနဲ့ မလိုလားတာကြောင့် ထုတ်ပြန်တာ ပါ " ဟု Social Alliance (လူမှုမဟာမိတ်အဖွဲ့) ၏ တည်ထောင်သူ မဒါလီမြင့်က ပြောသည်။

အကြမ်းဖက်မှုကြောင့် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်းနှင့် ဝင် ရောက်စီးနင်းမှုဖြစ်စဉ်သည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပျက်ပြားစေပြီး အချုပ်အခြာ အာဏာ ကိုထိပါးစေသည့် ကိစ္စဖြစ်ကြောင်း ထုတ်ပြန်စာတွင်ရေးသားထားသည်။

အချက် ၅ ချက်ပါ ထုတ်ပြန်စာကို အောက်တိုဘာ ၁၂ရက်တွင် နိုင်ငံသား အစ္စလာမ်ဘာသာဝင် ပါဝင်သော Social Alliance (လူမှုမဟာမိတ်အဖွဲ့)၊ Oraganization of Equality and Justics for Minority နှင့်  မြန်မာ မူစလင် အရပ်ဖက်လူမှုအဖွဲ့အစည်း ၈ ဖွဲ့မှ ရခိုင်ပြည်နယ်တွင်းဖြစ်စဉ်များနှင့် ပက်သက်ပြီး ပူးပေါင်းထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၉ ရက် မနက် ပိုင်းတွင်စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုကြောင့် ယ နေ့အချိန်ထိ ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦး နှင့် တပ်မတော်ဘက်မှ ၅ဦး ကျဆုံးခဲ့ ပြီးသည်။

၂၀၁၂ ခုနှစ်မှစတင်ကာ မောင်တာခရိုင်တွင် ညမထွက်ရအမိန့်ကိူ ည ၁၁နာရီမှ နံနက် ၄ နာရီထိ သတ်မှတ်ထားပြီး လက်ရှိအချိန်တွင် ည ၇နာရီမှ နံနက် ၆ နာရီသို့တိုးမြင့်တင်းကြပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly