ရေနံပိုက်လိုင်း စီမံကိန်း ဆန္ဒပြမှုအတွင်း အမေရိကန်မင်းသမီး ရှင်လီဝုဒ်ဒလေ အဖမ်းခံရ

ရေနံပိုက်လိုင်း စီမံကိန်း ဆန္ဒပြမှုအတွင်း အမေရိကန်မင်းသမီး ရှင်လီဝုဒ်ဒလေ အဖမ်းခံရ

နယူးယော့ခ် ၊ အောက်တိုဘာ ၁၁ ။                           ။ အမေရိကန် သရုပ်ဆောင်မင်းသမီး ရှင်လီဝုဒ်ဒလေသည် မြောက်ပိုင်း ဒါကိုတာပြည်နယ်တွင် အောက်တိုဘာ ၁၀ ရက်က ပြည်နယ်   လေး   ပြည်နယ်ကို ဖြတ်သန်းပြုလုပ်မည့် ရေနံပိုက်လိုင်းစီမံကိန်းကို ဆန့်ကျင်သော ဆန္ဒပြမှုအတွင်း ဖမ်းဆီးခံခဲ့ရသည်။

မင်းသမီး ရှင်လီဝုဒ်ဒလေ အပါအဝင် ၂၇ ဦးကို  ကျူးကျော် ဝင်ရောက်မှုနှင့် အဓိကရုဏ်း ဖြစ်ပွားအောင်လုပ်ဆောင်မှု စွဲချက်ဖြင့် ဖမ်းဆီခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ရှင်လီဝုဒ်ဒလီသည် ဖမ်းဆီးခံရမှုကို ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။

“လူအများဆုတောင်းကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့နေရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့တယ်။ ဒါက အမေရိကပါ။ သန့်စင်တဲ့ ရေကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ ကျွန်မတို့တွေ ဒီလိုမျိုးအဖြစ်နဲ့ ကြုံနေရ ပါတယ် ကြည့်ကြပါ”ဟု ဗီဒီယိုတွင် ရှင်လီဝုဒ်ဒလေက ပြောကြားထားသည်။

အချိန်နှစ်နာရီ ကြာမြင့်သော ဗီဒီယိုသည် လူမှုရေး မီဒီယာတွင် အလျင်အမြန် ပျံ့နှံ့ခဲ့ပြီး ယင်းနေ့ညနေ အစောပိုင်းက ကြည့်ရှုသူ ၂ဒသမ၄ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။

 Bakken ဟုအမည်ပေးထားသော ရေနံပိုက်လိုင်း စီမံကိန်းသည် အရှည် ၁၁၀၀ ရှိပြီး မြောက်ပိုင်း နှင့်တောင်ပိုင်း ဒါကိုတာပြည်နယ် ၊ အိုင်အိုဝါ နှင့် အီလွီနိုက်စ်ပြည်နယ်တို့ကို ဖြတ်ကျော် တည်ဆောက် ရန် စီစဉ်ထားသည်။မကြာသေးမီက ဗဟိုတရားရုံးက ရေနံပိုက်လိုင်း စီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly