ရုပ်ရှင်ကားများ ပြန်လည်ရိုက်တော့မည့် မင်းသမီး ကင်မ်ယွန်ဂျင်း

ရုပ်ရှင်ကားများ ပြန်လည်ရိုက်တော့မည့် မင်းသမီး ကင်မ်ယွန်ဂျင်း

ဆိုးလ် ၊ အောက်တိုဘာ ၁၀ ။           ။ တောင်ကိုရီးယား မင်းသမီး  ကင်မ်ယွန်ဂျင်းသည် ၂၀၁၄ ခုနှစ်က သမိုင်းကြောင်း ဒရမ်မာဇာတ်ကား “Ode to My Father” တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်   နှစ်နှစ် အကြာတွင် ပထမဆုံးအကြိမ်အဖြစ် ရုပ်ရှင်ကားတွင် ပြန်လည်ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်သည်။

မကြာမီထုတ်လွှင့်ပြသမည့် “House Above Time” ဇာတ်ကားတွင် ကင်မ်ယွန်ဂျင်း ၊ ကေပေါ့ပ်အမျိုးသား အဆိုတော်အဖွဲ့  2PM အဖွဲ့ဝင် Ok Taec-yeon နှင့် မင်းသား ဂျိုဂျီယွန်းတို့ ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်သည်။

သည်းထိတ်ရင်ဖိုဇာတ်ကား “House Above Time” သည် ခင်ပွန်းဖြစ်သူ သေဆုံးပြီးနောက် ၂၅ နှစ်ကြာမှ နေအိမ်သို့ ပြန်လာသည့် အမျိးသမီးတစ်ယောက် နေအိမ်တွင် ရှင်းပြ၍ မရနိုင်သော အဖြစ်ပျက် များနှင့် ရင်ဆိုင်ကြုံတွေ့ရပုံကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

ကင်သည် ခင်ပွန်းသေဆုံးပြီးနောက် နေအိမ်သို့  ပြန်လာသည့် အမျိုးသမီးအဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ပြီး ခင်ပွန်းအဖြစ် ဂျိုက သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် သားဖြစ်သူ အဖြစ် Ok ကပါဝင် သရုပ်ဆောင်သွားမည်ဖြစ်သည်။

“House Above Time” ဇာတ်ကားကို လာမည့်နှစ် အစောပိုင်းတွင် ပြည်တွင်း ရုပ်ရှင်ရုံများ၌ ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly