ဒုတိယရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Haha နဲ့ Byul တို့ ဇနီးမောင်နှံ

ဒုတိယရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Haha နဲ့ Byul တို့ ဇနီးမောင်နှံ

ဆိုးလ် ၊ အောက်တိုဘာ ၇ ။          ။ တောင်ကိုရီးယား ဟာသသရုပ်ဆောင် Haha နှင့် အဆိုတော် Byul တို့ ဇနီးမောင်နှံသည် ဒုတိယမြောက် ရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ Haha နဲ့ Byul တို့ဇနီးမောင်နှံဟာ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ထားရပြီ။ ကိုယ်ဝန်ဟာ လေးလရှိနေပါပြီ။ သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ ဒုတိယကိုယ်ဝန်လွယ်ထားရတာကို သိရှိပြီးတဲ့နောက် အရမ်းကိုပျော်နေပါတယ်”ဟု ၎င်းတို့၏ အေဂျင်စီက အောက်တိုဘာ ၇ရက်တွင် ပြောကြားခဲ့သည်။

ဒုတိယရင်သွေးလေးကို လာမယ့်နှစ် ဧပြီလတွင် မွေးဖွားရန် မျှော်မှန်းထားကြောင့် သတင်းအရင်းမြစ်တစ်ခုက သတင်းထုတ်ပြန်သည်။ Byul သည် ကိုယ်ဝန်ဆောင်များအတွက်   စောင့်ရှောက်မှု ဆိုင်ရာများကို အဓိကထားလုပ်ဆောင်လျက်ရှိပြီး  Haha သည် ဒုတိယရင်သွေးလေးအတွက် ပြင်ဆင်မှုများဖြင့် အလုပ်များနေသည်။

Haha  နှင့် Byul တို့ သည် ၂၀၁၂ ခုနှစ်က လက်ထပ်ခဲ့ကြပြီး ယင်းနှစ်တွင်ပင် သားဖြစ်သူ ဒရင်းကို မွေးဖွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags