tvN ရုပ်သံ၏ ပထမအကြိမ် ဆုပေးပွဲတွင် ဖျော်ဖြေပေးသွားမယ့် Psy

tvN ရုပ်သံ၏ ပထမအကြိမ် ဆုပေးပွဲတွင် ဖျော်ဖြေပေးသွားမယ့် Psy

ဆိုးလ် ၊ အောက်တိုဘာ ၅ ။         ။ တောင်ကိုရီးယား အဆိုတော် Psyသည် tvN ရုပ်သံလိုင်း၏ ပထမဆုံးအကြိမ်ပြုလုပ်သည့် “tvN 10 Awards” ဆုပေးပွဲတွင် ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။

ထုတ်လုပ်သူများ နှင့်  Psy တို့သည် အထူးဖျော်ဖြေပွဲ အသေးစိတ်အချက်အလက်များကို ဆွေးနွေးရန် အောက်တိုဘာ ၄ရက်က တွေ့ဆုံခဲ့ကြောင်း  OSEN တွင်ဖော်ပြထားသည်။ Psy သည် “tvN 10 Awards” ဆုပေးပွဲတွင် ထူးခြားသောအပြင်အဆင်များဖြင့် ပြုလုပ်ရန် မျှော်မှန်းထားသည်။

“tvN 10 Awards” ဆုပေးပွဲကို ကောင်ဟိုဒေါင် နှင့် ရှင်ဒေါင်ယွပ်တို့က အစီစဉ်မှူးအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၉ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required