မင်းသမီး Zosia Mamet နှင့် မင်းသား Evan Jonigkeit တို့ လက်ထပ်လိုက်ပြီ

မင်းသမီး Zosia Mamet နှင့် မင်းသား Evan Jonigkeit တို့ လက်ထပ်လိုက်ပြီ

Girls ရုပ်သံဇာတ်လမ်းတွဲ မင်းသမီး Zosia Mamet သည် သူ ကြာရှည်စွာ တွဲလာခဲ့သော ချစ်သူ မင်းသား Evan Jonigkeit နှင့် ယခု သီတင်းပတ်ကုန်က လက်ထပ်လိုက်ပြီ ဖြစ်သည်။ အမေရိကန် မင်းသမီးသည် သူ၏ ခင်ပွန်းအတွက် ချိုမြိန်သော စာသားမျာကို အင်စတာဂရမ်တွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။

“သူဟာ ကျွန်မရဲ့ အကောင်းဆုံး သူငယ်ချင်း၊ ကျွန်မရဲ့ ဘဝလက်တွဲဖော်၊ ကျွန်မရဲ့ ခင်ပွန်းပါ။ သူ့ကို ကျွန်မ ချစ်မြတ်နိုးတယ်” ဟူသည့် စာသားကို၊ သတို့သား သတို့သမီး အသွင် ရာဘာ ဘဲနှစ်ကောင် ရုပ်ပုံတစ်ပုံ တင်ရင်း အသက် ၂၈ နှစ် အရွယ် မင်းသမီးက ရေးသားခဲ့ခြင်း ဖြစ်သည်။

X Men: Days of Future Past နှင့် Whisky Tango Foxtrot ဇာတ်ကားများထဲတွင် ပါဝင် သရုပ်ဆောင်ခဲ့သူ မင်းသား Jonigkeit ကလည်း ထိုဓာတ်ပုံကိုပင် တင်ခဲ့ကာ “ကျွန်တော်ဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး သူငယ်ချင်း ကို ပြီးခဲ့တဲ့ညက လက်ထပ်လိုက်ပါတယ်” ဟု ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required