နှစ်မကုန်မီ ရုရှလူငယ် တစ်သိန်းခွဲကျော် စစ်မှု မထမ်းမနေရ အမိန့်ဒီဂရီ ပူတင် လက်မှတ်ရေးထိုး

နှစ်မကုန်မီ ရုရှလူငယ် တစ်သိန်းခွဲကျော် စစ်မှု မထမ်းမနေရ အမိန့်ဒီဂရီ ပူတင် လက်မှတ်ရေးထိုး

ယခုနှစ် မကုန်မီ ရုရှလူငယ် ၁၅၂၀၀၀ အား စစ်မှုမထမ်းမနေရ ဥပဒေဖြင့် ရုရှစစ်တပ် အတွင်းသို့ သွင်းမည့် အမိန့်ဒီဂရီ တစ်ရပ်အား သမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးကြောင်း စက်တင်ဘာ ၃၀ တွင် ရုရှနိုင်ငံက ထုတ်ပြန်သည်။

စစ်ရေးတာဝန်နှင့် စစ်မှုထမ်းခြင်း ဥပဒေအရ အသက် ၁၈ မှ ၂၇ နှစ် ရုရှနိုင်ငံသားများအား စစ်မှု ထမ်းဆောင်စေခြင်းကို အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ အတွင်း စစ်ထဲသွင်းခြင်းကို စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယင်းအမိန့်က ဆိုသည်။

ဥပဒေအရ စစ်သားများ၊ ရေတပ်သားများ၊ တပ်ကြပ်များနှင့် တပ်ကြပ်ကြီးများ အပါအဝင် စစ်တပ်အတွင်း စစ်မှုမထမ်းမနေရ ဥပဒေဖြင့် လက်ရှိ တာဝန်ထမ်းနေသူများမှ တာဝန်ကာလ ပြီးစီးသူများကို တပ်က ထွက်ခွာခွင့်ကိုလည်း သမ္မတပူတင် လက်မှတ်ရေးထိုးသည့် အမိန့်ဒီဂရီတွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required