စက်တင်ဘာ ၂၉၊ ဝေးလ်။ ။ အာဆင်နယ် ကွင်းလယ်ကစားသမား ရမ်ဆေးသည် အောက်တိုဘာ အတွင်း ဝေးလ်အသင်း ကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ နှစ်ပွဲဖြစ်သော သြစတြီးယား၊ ဂျော်ဂျီယာတို့နှင့် ပွဲကို ဒူးကောက်ကြော ဒဏ်ရာကြောင့် လွဲမည်ဖြစ်သည်။
အသက် ၂၅ နှစ်အရွယ်ရှိ ကစားသမားသည် ယင်းဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ် ကတည်းက အနားယူနေခဲ့ရသူ ဖြစ်သည်။
ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သည့် ဂျွန်နီဝီလျံသည် အငှားကလပ် အစ်ဆွစ်ချ်နှင့်အတူ အပေါ့စား လေ့ကျင့်ခန်းများ ပြန်လည် ပြုလုပ်နေပြီ ဖြစ်သော်လည်း ပွဲကစားရန် ကြံ့ခိုင်မှုနည်း နေသေးသည်။
ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်ရောက် ဝေးလ်အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်ပွဲတွင် မောလ်ဒိုဗာကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့ သည်။ အသင်းအနေဖြင့် အောက်တိုဘာ ၆ တွင် သြစတြီးယား၊ ၉ တွင် ဂျော်ဂျီယာတို့နှင့် ကစားရမည်ဖြစ်သည်။
ရမ်ဆေးသည် ယူရို ၂၀၁၆ တွင် ဝေးလ်အသင်းနှင့်အတူ တောက်ပခဲ့ပြီး ဆီမီးတွင် ပေါ်တူဂီကို ရှုံးသည့်ပွဲ၌မူ ပွဲပယ်ခံခဲ့ရသည်။
Ref; BBC