အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ၍ ကမ္ဘာ့လှည့် ခရီးသွားများကို ဘေးလွတ်ရာ ရွှေ့ပြောင်း

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ၍ ကမ္ဘာ့လှည့် ခရီးသွားများကို ဘေးလွတ်ရာ ရွှေ့ပြောင်း

ဂျကာတာ၊ စက်တင်ဘာ ၂၉ ။                    ။ အင်ဒိုနီးရှားနိုင်ငံရှိ ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်မှုရှိရာ မီးတောင်အရပ်တွင် မီးတောင် ပေါက်ကွဲမှုဖြစ်၍ ခရီးသွားဧည့်သည် ၁၁၀၀ နီးပါးကို အာဏာပိုင်များက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရသည်။

လွမ်ဘော့ကျွန်းရှိ မောင့်ဘာရူဂျာရီ မီးတောင်တွင် စက်တင်ဘာ ၂၇ ရက်က ပေါက်ကွဲခြင်းဖြစ်ပြီး ပြာမှုန့်များ လေထုထဲသို့ မီတာ ၂၀၀၀ အမြင့်အထိ လွှင့်ထုတ်နေသည်။

တာဝန်ရှိသူများက ပျောက်ဆုံးနေဆဲရှိသည့် ရာနှင့်ချီသည့် ခရီးသွား ဧည့်သည်များကို ရှာဖွေနေလျက် ရှိနေကြောင်း နိုင်ငံ၏ သဘာဝဘေး အေဂျင်စီက ပြောသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် သတင်း မကြားသိရသေးပေ။

စက်တင်ဘာ ၂၅ နောက်ပိုင်း တောင်တက်ရန် စာရင်းပေး မှတ်ပုံတင်ထားသည့် ပြည်တွင်းနှင့် ပြည်ပ ခရီးသွား ၄၀၀ နီးပါးရှိကြောင်း သဘာဝဘေး သက်သာလျော့ပါးရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပူဝိုက ပြောသည်။

မီးတောင်ဝမှ ခုနစ်မိုင် အကွာတွင် ရှိသော ဆမ်ဘာလန် မီးတောင် ကြည့်နေရာမှ တောင်တက်သမားများကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required