စက်တင်ဘာ ၂၇၊ လန်ဒန်။ ။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်သည် လက်ရှိရာသီတွင်အဓိကအခက်အခဲဖြစ်သော ခံစစ်ပြဿနာကို ဖြေရှင်းရန်အတွက် နည်းပြကွန်တီကို ငွေကြေးသုံးစွဲခွင့်ပြုမည်ဖြစ်သည်။
နောက်တန်းအားနည်းမှုကြောင့် ပရီးမီးယားလိဂ်နှစ်ပွဲဆက် ရှုံးနိမ့်ခြင်းကိုတွေ့မြင်ခဲ့ရသည့် ရုရှလူမျိုးဘီလျံနာအနေဖြင့် ၎င်း၏ နောက်ဆုံးနည်းပြသစ်၏ အခက်အခဲကို ဖြေရှင်းပေးချင်နေခြင်းဖြစ်သည်။
နွေရာသီအပြောင်းအရွှေ့အတွင်း လိုချင်သောပစ်မှတ်ကစားသမားများကို ခေါ်ယူနိုင်ခြင်းမရှိခဲ့သဖြင့် ကွန်တီ၏ လက်ရှိ နောက်တန်းကစားသမားလေးယောက်တွင် အားနည်းချက်များရှိနေသည်ကို အသင်းပိုင်ရှင်က သတိပြုမိခဲ့သည်။
လာမည့်အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း နောက်တန်းကစားသမားသစ်များထပ်မံအားဖြည့်ခွင့်ရထားခြင်းက လက်ရှိရာသီ အစပိုင်းတွင် ခြေကျနေသည့် အိုင်ဗန်နိုဗစ်နှင့် ဂယ်ရီကာဟေးလ်တို့၏အနာဂါတ်အတွက်မူ စိုးရိမ်စရာဖြစ်လာနိုင်သည်။
အသင်းတွင်ခြေစွမ်းပိုင်းအားနည်းမှုများရှိနေသော်လည်း ချယ်လ်ဆီးအသင်းပိုင်ရှင်သည် နည်းပြဘက်မှ ထောက်ခံလျှက်ရှိသည်။
စက်တင်ဘာ ၁၇ ရက်က အိမ်ကွင်းတွင် လီဗာပူးလ်ကို ၂-၁ ဖြင့်ရှုံးပြီးကတည်းက မိုဗစ်ချ်က ကွန်တီကို ငွေသုံးခွင့်ပြုမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။
Ref; Daily Mail