မန္တလေး - မြစ်ကြီးနား အမြန်ရထားတစ်စီး အင်းတော်နှင့် နဘားဘူတာကြားတွင် တိမ်းမှောက်

မန္တလေး - မြစ်ကြီးနား အမြန်ရထားတစ်စီး အင်းတော်နှင့် နဘားဘူတာကြားတွင် တိမ်းမှောက်
ဓာတ်ပုံ - ယဉ်ယဉ်သိန်း (နဘား)

ရန်ကုန်၊ စက်တင်ဘာ ၂၄ /                     / မန္တလေး မှ မြစ်ကြီးနားသို့ပြေးဆွဲသည့် ဒုတိယ အမြန်မီးရထားတစ်စင်း ယနေ့ နံနက်တွင် အင်းတော် ဘူတာနှင့် နဘားဘူတာအကြား၌ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“ အင်းတော် ဘူတာက ထွက်တယ် ၁၀ နာရီ ၃မိနစ်မှာ အင်းတော်နဲ့ နဘားကြား (ဒေသအခေါ် မခွေး ရေပေါက်တံ တားမှ) ကတံတားအမှတ် ၄၃၁၊ အဲဒီနားမှာဖြစ်တာ”  လို့ မြန်မာ့မီးရထားမှ အကြီးတန်းစာရေး ကိုဝေနှင်းက ပြော သည်။

အဆိုပါ ရထားတိမ်းမှောက်မှုတွင် မီးရထားစက်ခေါင်း ဝန်ထမ်းတစ်ဦး ခေါင်းအနည်းငယ်ပေါက်ပြဲ ဒဏ်ရာနှင့် အ ခြား တစ်ဦးတွင် အနည်းငယ် ပွန်းပဲ့ ဒဏ်ရာရှိထားပြီး ခရီးသည်များထိခိုက်မှုမရှိကြောင်း သိရသည်။

ရထားအမှတ် ၄၁ သည် မနက် ၉ နာရီ ၅၅ မန္တလေးမှ အဆန် ထွက်လာစဉ် အဆိုပါ နေရာအရောက်တွင် တိမ်း မှောက်ခဲ့ခြင်း ဖြစ်သည်။

 “တံတား အဆက်ပြုတ်ပြီးတော့ စက်ခေါင်းရှေ့ခြမ်းလေး နည်းနည်း အောက်ကို ငိုက်သွားတာပေါ့နော်။ လော လောဆယ်တော့ အဲဒီလောက်ပဲသိသေးတယ် ပြုပြင်မှုအပိုင်းတွေ ဘာမှ မလုပ်ရသေးဘူး “ လို့ ကိုဝေနှင်းက ပြော သည်။

မိုင်တိုင် ၅၈၇/၆-၇ ကြား တံတားအမှတ် ၄၃၂- ၁ပေ၄၀ အရှည်ရှိ တံတား အမြင့် ၂၀ ပေါ်မှ နေ၍ တိမ်းမှောက် ခဲ့ ခြင်း လည်းဖြစ်သည်။

မီးရထား၏ ထိခိုက်မှု အခြေနေကိုမှု အတည်ပြုနိုင်ခြင်းမရှိသေးပဲ သက်ဆိုင်ရာတာဝန်ရှိသူများ ရထားတိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ သွားနေကြာင်း သိရသည်။

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ရထား ၅စီးခန့်ဖြင့် နေ့စဉ် အသွားအပြန် ပြေးဆွဲပေးနေကြာင်းလည်း မြန်မာ့ မီးရထားမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly