ကျောက်ပန်းတောင်းမြို့နယ်ရှိ ငလျင်ဒဏ်ခံ စေတီပုထိုးများ ငွေကြေးအခက်အခဲကြောင့် မပြု ပြင်နိုင်သေး

ကျောက်ပန်းတောင်းမြို့နယ်ရှိ ငလျင်ဒဏ်ခံ စေတီပုထိုးများ ငွေကြေးအခက်အခဲကြောင့် မပြု ပြင်နိုင်သေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ။            ။ ကျောက်ပန်းတောင်း မြို့နယ် ကျေးရွာအုပ်စုအချို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရား စေတီပုထိုးများ ကို နည်းပညာနှင့် ငွေကြေးအခက်ခဲ များရှိနေသောကြောင့် ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးကြောင်း ကျောက်ပန်းတောင်း မြို့ ပြည်နယ်မဲဆန္ဒနယ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်ကမဇ္ဈိမကို ပြောသည်။

“ အခုအနေအထားက စောင့်မျှော်နေရတုန်းပဲ။ အစိုးရက လုပ်ပေးမှာလား ဘယ်သူတွေကလုပ်ပေးမှာတုန်း။ အလှူရှင် တွေ ပဲလာမလား အဲဒါ ပဲရှိသေးတယ် ကျန်တာဘာမှ လုပ်မရဘူး “ ဟု ဦးအေးခိုင်က ပြောသည်။

တစ်မြို့နယ်လုံးရှိ စေတီပထိုးများကို ပြင်ဆင်ရန်အတွက် သိန်း ၂၀၀၀ နီးပါးကုန်ကျနိုင်မည်ကို တိုင်းအစိုးရထံ တင်ပြ ထားပြီး အကြောင်းပြန်ခြင်းမရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် စေတီပုထိုးပြင်ဆင်ရန် အလှူခံရရှိထားသည့်ငွေ ၃၁သိန်းခန့်ရှိကြောင်း ကျောက်ပန်းတောင်းမြို့နယ် အုပ် ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က နိုင်ငံပိုင်သတင်းစာတစ်ခုသို့ ဖြေကြားထားသည်။

သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၀၄ မိနစ်က လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချ်တာစကေး ၆ ဒဿမ ၈ ရှိ ငလျင် ကြောင့်  ကျောက်ပန်းတောင်း မြို့နယ်ရှိ ကျေးရွာအုပ်စု ၃၂ အုပ်စုအတွင်း၌ ဘုရားစေတီပုထိုး စုစုပေါင်း ၁၁၆ ဆူခန့် ဦးခေါင်း တော်  မြေခခြင်း၊ ထီးတော်မြေခခြင်း၊ အက်ကွဲခြင်းတို့ ဖြစ်ပွားခဲ့သည်။

ထိခိုက်ပျက်စီးခဲ့သည့် စေတီပုထိုးများကို ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူများလာ ရောက်ကြည့်ရှု့မှုရှိခဲ့ ပြီး လော လောဆယ်တွင် ပြင်ဆင်ဖို့ လုပ်ဆောင်ပေးခြင်းမျိုး မရှိသေးကြောင်း ဦးအေးခိုင်က ဆိုသည်။

“ နိုင်ငံတော်အဆင့်ကနေပြီး လာကြည့်တဲ့သူတွေ ပြီးတော့ တိုင်းအဆင့်လာကြည့်တယ် မြို့နယ်အဆင့်လာကြည့်တယ်။ ခရိုင်အဆင့်လာကြည့်တဲ့သူတွေ ကြည့်ယုံပဲကြည့်သွားပြီးတော့ တစ်ခုခုတော့ တုန့်ြုပန်ချက်လေးလာစေချင်ပါတယ် " ဟုလည်း ဆိုသည်။

အဆိုပါကိစ္စနှင့် ပက်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သို့ ဆက်သွယ်မေးမြန်းရန် ကြိုး စားခဲ့သော်လည်း ပြန်လည်ဖြကြားခြင်းမရှိခဲ့ပါ။

ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာ၌ စေတီပုထိုးပေါင်း ၇ဝ ကျော်ရှိပြီး ၂ဝ ခန့် ပျက်စီးခဲ့သဖြင့် ပျက်စီးမှု အများ ဆုံး ဖြစ်ပွားခဲ့သည့် ကျေးရွာ ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်း တစ်မြို့နယ်လုံးအနေဖြင့် စေတီပုထိုးများအပြင် စာသင်ကျောင်းအချို့ပါထိခိုက်ပျက်စီးမှုရှိနေပြီး ပြန်လည်ပြင်ဆင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးလွှတ်တော်တွင်လည်း တင်ပြထား ကြောင်း သိရသည်။

သြဂုတ်လ ၂၄ရက်တွင်လှုပ်ခတ်ခဲ့သည့်  ငလျင်ဒဏ်ကြောင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံမြို့ဒေသတွင် လည်း စေတီပုထိုး ၄၂၅ ဆူ ထိခိုက်ပျက်ဆီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ နောက် ဆုံးထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly