ညှင်ပန်းနှိပ်စက် ခံရမှုကြောင့် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တဲ့ လင်ဆေးလိုဟန်

ညှင်ပန်းနှိပ်စက် ခံရမှုကြောင့် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တဲ့ လင်ဆေးလိုဟန်

မော်စကို ၊ စက်တင်ဘာ ၂၃ ။                 ။ ဟောလိဝုဒ် မင်းသမီး လင်ဆေးလိုဟန်က ညှင်းပန်းနှိပ်စက် ခံရမှုကြောင့် ချစ်သူဖြစ်သူ ရုရှစီးပွားရေး လုပ်ငန်းရှင် အီဂေါ သရာဘာဆိုဗ်နှင့်   စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

အသက် ၃၀နှစ်အရွယ် လင်ဆေးလိုဟန်က ရုရှနိုင်ငံ၏  Channel One ရုပ်သံလိုင်းနှင့်ပြုလုပ်သော တွေ့ဆုံမြန်းခန်းတွင် အီဂေါက ၎င်းအား လည်းပင်း ညှစ်သတ်ရန် ကြိုစားခဲ့ကြောင်း နှင့် ယင်းကဲ့သို့ လုပ်ဆောင်မှုကြောင့် အက်ဆစ်ဖြင့် တိုက်ခိုက်ခံရမည်ကို စိုးရိမ်မိသောကြောင့် အီဂေါနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်မအိပ်ရာဝင်ခဲ့တယ်။ သူက ကျွန်မကို လည်ပင်းညှစ်သတ်ဖို့ ကြိုးစားတယ်။ ကျွန်မ လသာဆောင်ကို ထွက်ပြေးပြီး အော်ဟစ် ကူညီတောင်းခဲ့တယ်။ သူက ကျွန်မကို သတ်ဖို့ ကြိုစားနေတယ်။ ကျွန်မရဲကိုဖုန်းဆက် အကြောင်းကြားခဲ့တယ်။ သူက ကျွန်မရဲ့မျက်နှာကို အက်ဆစ်နဲ့ ပက်မှာကိုလည်း စိုးရိမ်မိပါတယ်”ဟု လင်ဆေးလိုဟန်က ပြောကြားခဲ့သည်။

လိုဟန်သည် သြဂုတ်လက ဒေးလီမေးလ်နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် သရာဘာဆိုဗ်၏ နှိပ်စက်ညှင်းပန်းမှုကို ပြောကြားခဲ့သည်။ လင်ဆေးလိုဟန်၏ တွေ့ဆုံ မေးမြန်းမှုပြီးနောက်  The Sun က လန်ဒန်ရှိ လသာဆောင်တွင် လင်ဆေးလိုဟန် အော်ဟစ် အကူညီတောင်းသည့် ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ပြသခဲ့သည်။

လင်ဆေးလိုဟန်သည် Channel One ရုပ်သံ နှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ပြီးနောက် စက်တင်ဘာ ၂၁ရက်က သရာဘာဆိုဗ်က လင်ဆေးလိုဟန်၏ ပြောကြားမှုများသည် မမှန်ကန်ကြောင်း   ငြင်းဆိုခဲ့သည်။

“ကျွန်တော်နဲ့ လင်ဆေးလိုဟန်ရဲ့ ဆက်ဆံရေးဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လက အဆုံးသတ်ခဲ့ပါတယ်။ ဒီလိုအဆုံးသတ်ပြီးလို့ သီတင်းပတ်များစွာအတွင်းမှာ လင်ဆေးလိုဟန်က ကျွန်တော်နဲ့ သူနဲ့ ဆက်ဆံရေးကို မမှန်မကန်ပြောဆိုခြင်း ၊ လိုရာဆွဲကာ မမှန်မကန်ပြောဆိုတဲ့ အချက်အလက်တွေကို ထုတ်ပြန်ပြီး ကျွန်တော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ ”ဟု သရာဘာဆိုဗ်က ပြောကြားသည်။

လိုဟန် နှင့် သရာဘာဆိုဗ်တို့သည် လပေါင်းများစွာ ကြာတွဲခဲ့ပြီးနောက် နွေဦးက စေ့စပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required