စက်တင်ဘာ ၂၂၊ မန်ချက်စတာ။ ။ ယာယာတိုရေးသည် ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမန်စီးတီးမှထွက်ခွာဖြစ်ခဲ့ပါက ပရီးမီးယားလိဂ်အသင်းတစ်သင်းသို့ ပြောင်း ဖွယ်ရှိနေသည်။
တိုရေးသည် အေးဂျင့်ဖြစ်သူ ဒီမီထရီနှင့် နည်းပြဂွာဒီယိုလာအကြား မပြေမလည်ဖြစ်နေခြင်းကြောင့် အီတီဟတ်တွင် ၎င်း၏ အနာဂါတ်ဆက်မရှိနိုင်တော့ကြောင်း လက်ခံထားသည်။
တိုရေးသည် ချက်ရှိုင်းယားတွင်အခြေကျနေပြီဖြစ်သော မိသားစုကိုမပြောင်းရွှေ့စေလိုသဖြင့် နွေရာသီအပြောင်းအရွှေ့ကာလ အတွင်း အင်တာမီလန်သို့ပြောင်းနိုင်မည့်အခွင့်အရေးကိုလည်းကောင်း တရုတ်လိဂ် မှ ငွေအမြောက်အမြားဖြင့်ကမ်းလှမ်းမှုကို လည်းကောင်း ပယ်ချခဲ့ပြီး အင်္ဂလန်နိုင်ငံတွင်သာ ဆက်ကစားချင်နေသည်။
စီးတီးအသင်းသည် တိုရေး၏ တစ်ပတ်လုပ်ခ ပေါင် ၂၂၀,၀၀၀ ကုန်ကျစရိတ်ကိုလျှော့ချချင်နေပြီး ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်း အရောင်းစာရင်းတင်ဖွယ်ရှိနေသည်။
အသက် ၃၃ နှစ်အရွယ်ကစားသမားကို ပြိုင်ဘက်အသင်းများထံကိုပင် ရောင်းချဖွယ်ရှိသည်ဟု ယူဆရသည်။
Ref; Daily Mail