နယူးယော့ခ် ၊ စက်တင်ဘာ ၁၅ ။ ။ ဥရောပ မူပိုင်ခွင့်ဥပဒေများကို ပြန်လည်ပြင်ဆင်ရေး အစီစဉ်များအရ တေးဂီတပညာရှင်များ နှင့် တေးသံသွင်းကုမ္ပဏီများအား အနုပညာကြေးပေးရန် YouTube ကဲ့သို့သော ဗီဒီယိုဆိုဒ်များကို ဖိအားပေး လုပ်ဆောင်သွားမည်ဖြစ်သည်။
တေးဂီတကဲ့သို့သော အနုပညာအကြောင်းအရာများအတွက် အနုပညာကြေးပေးခြင်း မရှိသည့်အတွက် တေးဂီတလုပ်ငန်းက You Tube အပေါ် ကာလရှည် ပြစ်တင်ဝေဖန်ခဲ့သည်။
ညွှန်ကြားချက်အရ Google News ကဲ့သို့သော သတင်းဆိုဒ်များသည်လည်း ကောက်နုတ်ချက် အတိုအထွာ ဒါမှမဟုတ် သတင်းအချက်အလက်အတိုအထွာများကို အသုံးပြုသည့်အခါ သတင်းစာထုတ်ဝေသူများကို အခကြေးငွေပေးရမည်ဖြစ်သည်။
ဥရောပတွင် ထုတ်ဝေသူသစ်များအတွက် မူပိုင်ခွင့်ရေးဆွဲပေးခြင်းသည် အရေးပါပြီး သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဥရောပသတင်းစာထုတ်ဝေရေးအဖွဲ့အစည်းအကြီးအကဲ ကာလိုပါရိုနီက ပြောကြားသည်။
“ ကျွန်တော်အနေနဲ့ စတူဒီယိုမှာလုပ်တာပဲဖြစ်ဖြစ် ၊ အွန်လိုင်းမှာ ဖြန့်ချိတာဖြစ်ဖြစ် ၊ ဝက်ဆိုဒ်မှာ ဖြန့်ချိတာဖြစ်ဖြစ် စာနယ်ဇင်းသမားများ ၊ ထုတ်ဝေသူများ နဲ့ စာရေးဆရာများကို အခကြေးငွေပေးစေလိုတယ် ”ဟု ဥရောပကော်မရှင် ဥက္ကဌ ဂျင်ကလော့ဒ်ဂျန်ကာက ပြောကြားသည်။
အနုပညာရှင်များကို ငွေကြေးပေးဆောင်ရန် YouTube ကဲ့သို့သော ဗီဒီယိုဆိုဒ်များကို ဖိအားပေးမှုများ မည်ကဲ့သို့ လုပ်ဆောင်သွားမည်ကို ကော်မရှင်က အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။