မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း အလေးချိန်အားဖြင့် ၇ ဒဿမ ၇၄၃ ကီလိုဂရမ်ရှိကာ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀၅၄၀၀ ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ စက်တင်ဘာ ၉ ရက်၌ ပြောသည်။
စက်တင်ဘာ ၉ ရက်က ကားတစ်စီးဖြင့် သယ်ဆောင်လာသည့် ယင်းဘိန်းဖြူများကို မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဆပ်ပြာဘူးများအတွင်း ဘိန်းဖြူများကို ထည့်သွင်းကာ အိတ်များဖြင့် ထုပ်ပိုးသယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ကားမောင်းသူအား မူးယစ်ဆေးဝါးဥပဒေဖြင့် အရေးယူထားသည်။
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းအား ၂၀၁၄-၁၅ မှ ၂၀၁၈-၁၉ အထိ တိုးချဲ့ကာ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဘိန်းစိုက်ပျိုးမှု အကြီးမားဆုံးဖြစ်ကာ ကမ္ဘာတွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယမြောက် ဘိန်းဖြူအများဆုံးထွက်ရှိသည့် နိုင်ငံဖြစ်သည်။
ဇွန် ၂၆ ရက်က ပြုလုပ်သော ၂၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနား၌ အမေရိကန်ဒေါ်လာ ၅၆ သန်းဖိုးရှိ မူးယစ်ဆေးဝါးများအား တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးခဲ့သည်။