ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၀ ။ ။ ငါးကြိမ်မြောက်လည်းဖြစ်ပြီး အကြီးဆုံးလည်းဖြစ်သော နျူကလီယားစမ်းသပ်မှု လုပ်ဆောင်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက သဘောတူညီသည်။
အဖွဲ့ဝင် ၁၅ နိုင်ငံက အရေးပေါ် အစည်းအဝေးတစ်ရပ်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က ရမ်းကားလွန်းနေပြီဟု ပြောသည်။ တရုတ်ကလည်း ယင်းစမ်းသပ်မှုကို ဆန့်ကျင်ပြီး ဂျပန်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
မြောက်ကိုရီးုယား နိုင်ငံအနေဖြင့် ကုလသမဂ္ဂက တားမြစ်ထားသည့် ကြားမှ ယခုနှစ်အတွင်း နျူကလီးယား နှစ်ကြိမ်တိုင် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
ကင်ဂျုံးအွန်၏ ပြောဆိုဟန် လေသံများကလည်း ပို၍ ပိုကာ ရန်လိုသံများ ဆောင်လာနေသည်ဟု အကဲဖြတ်များက ဆိုသည်။