နယူးယော့ခ်၊ သြဂုတ် ၂၇ ။ ။ ဟောလိဝုဒ်မင်းသမီးအမ်မာဟာ့ဒ်က ခင်ပွန်းဟောင်း ဂျွန်နီဒပ်သည် ကွာရှင်းခွင့်သဘောတူညီမှုငွေကို ၎င်းထံသို့တိုက်ရိုက်မပေးဘဲ ၎င်း၏နာမည်ဖြင့် ချိုတဲ့သူများကူညီရေးအဖွဲ့သို့ လှူဒါန်းခဲ့ခြင်းသည် အခွန်ရှောင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ယင်းငွေပမာဏ၏ နှစ်ဆကို လှူဒါန်းရန် တောင်းဆိုလိုက်သည်။
အမ်မာဟာ့ဒ်သည် မကြာသေးမီက ကွာရှင်းပြတ်စဲမှု ညှိနှိုင်းချက်အရ သဘောတူညီခဲ့သောငွေ အမေရိကန်ဒေါ်လာ ခုနစ်သန်းကို နှိပ်စက်ညှင်းပန်းခံရသော အမျိုးသမီးများ နှင့် နာမကျန်းသော ကလေးငယ်များအတွက် ဆောင်ရွက်ပေးနေသော ချို့တဲ့သူများ ကူညီရေးအဖွဲ့နှစ်ဖွဲ့သို့ လှူဒါန်းသွားမည်ဟု ကတိပြုခဲ့သည်။
သို့ရာတွင် ဂျွန်နီဒပ်သည် ကွာရှင်းခွင့်သဘောတူညီမှုငွေကို ပထမဆုံး ၎င်းထံသို့ ပေးအပ်ရမည့်အစား ၎င်း၏နာမည်ဖြင့် တိုက်ရိုက် လှူဒါန်းခဲ့ခြင်းကြောင့် ဂျွန်နီဒပ်သည် အခွန်ကင်းလွှတ်ခွင့်ရရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း အမ်မာဟာ့ဒ်က စွပ်စွဲလိုက်ပြီး ယင်းငွေပမာဏ၏နှစ်ဆဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၄သန်းလှူဒါန်းရန် တောင်းဆိုလိုက်သည်။
“ Pirates of the Caribbean” မင်းသား ဂျွန်ဒီဒပ်က ကွာရှင်းခွင့်သဘောတူညီမှုငွေ အမေရိကန်ဒေါ်လာ ခုနစ်သန်းကို အမ်မာဟာ့ဒ် လှူဒါန်းမည်ဟု ကတိပြုထားသော ချို့တဲ့သူများကူညီရေးအဖွဲ့နှစ်ဖွဲ့သို့ အမ်မာဟာ့ဒ်အမည်ဖြင့် လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုအခါ ဂျွန်နီဒပ်အနေဖြင့် ချို့တဲ့သူများ ကူညီရေးအဖွဲ့သို့ အမေရိကန်ဒေါ်လာ ၁၄သန်းလှူဒါန်းခြင်းဖြင့် ဂုဏ်ယူရမည်ဖြစ်ကြောင်း အမ်မာဟာ့ဒ်က ပြောကြားလိုက်သည်။