နယူးယော့ခ်၊ သြဂုတ် ၂၇ ။ ။ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် လူဝစ်စီးယားနားပြည်နယ် ရေဘေးသင့်ပြည်သူများကို အကူညီပေးရန် အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်းသွားမည်ဟု ကတိပြုခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လူးဝစ်စီးယားနားပြည်နယ်တွင် ရေကြီးမှုကြောင့် လူနေအိမ် နှင့် စီးပွားရေးလုပ်ငန်းထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပြီး ၁၃ဦးထက်မနည်း သေဆုံးခဲ့သည်။ အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်းမှု၏အစိတ်ပိုင်းတစ်ခုအဖြစ် တေလာသည် မကြာသေးမီက Greater Baton Rouge Food Bank သို့ အမေရိကန်ဒေါ်လာ ၅၀ ၀၀၀ လှူဒါန်ခဲ့ကြောင်း ၎င်း၏ကိုယ်စားလှယ်က People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။
အကျိုးမြတ်မလိုလားသော အဖွဲ့အစည်း Greater Baton Rouge Food Bank က တေလာဆွစ်ဖ်၏ လှူဒါန်းမှုအတွက်ကျေးဇူးတင်ကြောင်း တွစ်တာ နှင့် အင်စတာဂရမ်တွင် ပြောကြားခဲ့သည်။
“တေလာရဲ့လှူဒါန်းမှုဟာ ကျွန်မတို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေတဲ့ လူးဝစ်စီးယားနားပြည်နယ် ရေဘေးဒဏ်သင့်ပြည်သူတွေအတွက် အကူညီဖြစ်စေပါတယ်။ လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်”ဟု ခရစ်ယာန်အသင်းတော် နှင့် နိုင်ငံတကာပရဟိတအဖွဲ့အစည်းက ပြောကြားသည်။
Baton Rouge Food Bankသည် ရေလွှမ်းမိုးမှုကို ခံစားခဲ့ရပြီး ယာယီနေရာပြောင်းရွှေ့ခဲ့ရသည်။လူဝစ်စီးယားနားပြည်နယ်တွင် သြဂုတ် ၈ရက်မှ ၁၄ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ရာ ကြက်ခြေနီအဖွဲ့က ယင်းရေကြီးမှုသည် ပြည်နယ်သမိုင်းတွင် အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်ဟု ခေါ်ဝေါ်ခဲ့သည်။