မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို ဓာတ်ငွေ့ အိန္ဒိယ ရောင်းရန် စီစဉ်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို ဓာတ်ငွေ့ အိန္ဒိယ ရောင်းရန် စီစဉ်

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ အရှေ့ပိုင်းဒေသများကို ချိတ်ဆက်ကာ အရှည်ပေ ၆,၉၀၀ ကီလိုမီတာ ရှိမည့် ဓါတ်ငွေ့ ပိုက်လိုင်းတစ်ခု သွယ်တန်းဖောက်လုပ်ပြီး သဘာဝဓါတ်ငွေ့ရောင်းချသွားရန် နယူးဒေလီ အစိုးရက စီစဉ်နေသည်။

"ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ခြမ်းဒေသအတွက် ၂၀၃၀ ဟိုက်ဒရိုကာဗွန် မျှော်မှန်းချက် တစ်စိတ်တစ်ဒေသ အနေနဲ့ အရှည်ပေ ၆,၉၀၀ ရှိမယ့် ပိုက်လိုင်းတွေကို သွယ်တန်းသွားမှာပါ၊ ဒီပိုက်လိုင်းတွေကတော့ မြန်မာနိုင်ငံရဲ့ စစ်တွေ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယရဲ့ အရှေ့မြောက်ခြမ်း ပြည်နယ်တွေကို ချိတ်ဆက်သွားမှာဖြစ်ပါတယ်" ဟု အိန္ဒိယ၏ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကော်ပိုရေးရှင်း ONGC မှ အမှုဆောင် ဒါရိုက်တာ S.C Soni က ပြောကြားသွားသည်။

အိန္ဒိယ၏ ၂၀၃၀ ဟိုက်ဒရိုကာဗွန် မျှော်မှန်းချက်ထဲတွင် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ရေနံနှင့် ဓါတ်ငွေ့ ထုတ်လုပ်မှုကို ယခုထက် နှစ်ဆတိုးမြင့်ထုတ်လုပ်သွားရန်နှင့် ဒေသတွင်းနှင့် အိမ်နီးချင်း SAARC (တောင်အာရှဒေသတွင်း ပူးပေါင်းအဖွဲ့) နိုင်ငံများနှင့် ကုန်သွယ်မှုပိုင်း တိုးမြင့်သွားရန်တို့ပါဝင်နေသည်။

အလားတူ နိုင်ငံရှိ Tripura ပြည်နယ်တွင်လည်း ယခုထက် ဓါတ်ငွေ့ပိုမို ရှာဖွေထုတ်လုပ်ရန် ONGC တွင် အစီအစဉ် ရေးဆွဲထားကြောင်း ၎င်းက ပြောသည်။ "ခုလက်ရှိ အစီအစဉ်အောက်မှာတော့ တွင်းသစ်တွေ တူးဖို့ရှိမယ်၊ မြေပြင် ထုတ်လုပ်ရေး စခန်းတွေ ထပ်တိုး တည်ဆောက်သွားမယ်၊ ယခုလက်ရှိ Tripura ပြည်နယ်က ဓါတ်ငွေ့မြေတွေကနေ လောလောဆယ် တစ်နေ့ကို ကုဗမီတာ ၅ ဒသမ ၁ သန်း ထုတ်လုပ်နေရာကနေ စုစုပေါင်း ကုဗမီတာ ၆ ဒသမ ၂၅ သန်း ထိ တိုးမြင့်ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်" ဟု S.C Soni က ပြောသွားသည်။

ONGC သည် ယင်းပြည်နယ်တွင် ဓါတ်ငွေ့မြေစုစုပေါင်း ၁၁ ခုထိ တွေ့ရှိထားပြီး ယင်းတို့အနက်မှ ခုနစ်ခုမှာ ထုတ်လုပ်မှုများ လုပ်ဆောင်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required