ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘုန်းမောက်နှင့်ပွဲကို ပေါ့ဂ်ဘာလွဲမည်

ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘုန်းမောက်နှင့်ပွဲကို ပေါ့ဂ်ဘာလွဲမည်

သြဂုတ် ၁၃၊ မန်ချက်စတာ။         ။ မန်ချက်စတာယူနိုက်တက်အသင်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူထားသည့် ပေါ့ဂ်ဘာသည် တနင်္ဂနွေနေ့တွင် ဘုန်းမောက်နှင့်ကစားမည့်ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲချော်မည်ဖြစ်သည်။

ပေါ့ဂ်ဘာသည် ပြီးခဲ့သည့်ရာသီက ကိုပါအီတာလီယာဖလားပြိုင်ပွဲတွင် ဂျူဗင်တပ်အသင်းအတွက်ကစားစဉ် အဝါကတ်နှစ်ကတ်ပြ ခံရသောကြောင့် အသင်းပြောင်းသည့်အခါတွင်လည်း ပွဲပယ်ပြစ်ဒဏ်ပါလာခဲ့ခြင်းဖြစ်သည်။

နောက်ခံလူစမောလင်းသည်လည်းပွဲပယ်ခံထားရပြီး အီဘရာဟီမိုဗစ်၊ အမ်ခီတာယန်၊ ဘေလီတို့မှာ ပါဝင်ကစားနိုင်မည်ဖြစ်သည်။

ဘုန်းမောက်အသင်းမှတောင်ပံကစားသမား စတာနီဆလက်စ်မှာ ဒဏ်ရာပြဿနာကြောင့်ပါဝင်ကစားနိုင်မည်မဟုတ်ဘဲ အသင်း စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းဖြင့်ခေါ်ထားသည့် အိုင်ဘီမှာမူ ပွဲထွက်လာဖွယ်ရှိနေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly