ကမ္ဘာကျော်အဆိုတော် ရီဟားနားသည် သြဂုတ် ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် တေးဂီတ ဗီဒီယိုဆုပေးပွဲ( VMA) တွင် အမ်တီဗီ၏ တစ်သက်တာ အောင်မြင်မှုဆုကို လက်ခံရရှိသွားဖြစ်ကြောင်း အမ်တီဗီက သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
Michael Jackson Video Vanguard ဆုသည် တေးဂီတဗီဒီယိုလောကတွင် အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်ပြီး အဆိုတော်၏ အောင်မြင်မှုသည် ဂီတလောကတွင် ထင်ဟပ်ရုံသာမက ပေ့ါပ်ယဉ် ကျေးမှု ၊ ဖက်ရှင် ၊ ရုပ်ရှင်နှင့် ပရဟိတလုပ်ငန်းတို့တွင်လည်း ထပ်ဟပ်စေမည် ဖြစ်သည်။
အသက် ၂၈ နှစ်အရွယ်ရှိ ရီဟားနားသည် အမ်မတီဗီဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံး ဗီဒီယိုဆုကို နှစ်ကြိမ် ရရှိထားသူဖြစ်ပြီး တေးအယ်လ်ဘမ်အချပ်ရေ ၆၁ သန်းကျော် ရောင်းချရမှုဖြင့် ရှစ်ကြိမ်တိုင် ဂရမ်မီဆုရှင် ဖြစ်ခဲ့သည်။
ရီဟားနားသည် နယူးယော့ခ်မြို့တွင် ကျင်းပပြုလုပ်သွားမည့် တေးဂီတ ဗီဒီယိုဆုပေးပွဲ (VMA)တွင် ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် ကနေဒီယမ် ရက်ပါ ဒရေ့ခ်နှင့်အတူ သီဆိုထား သော “Work” တေးသီချင်း ၊ ကာလ်ဗင်ဟားရစ်နှင့်အတူ သီဆိုထားသော “This is What You Came For” တေးသီချင်းတို့အတွက် ရီဟားနားသည် ဆုလေးဆု ချီးမြှင့်ရန် ရွေးချယ်သတ်မှတ် ခံထားရသည်။
ရက်ပါ ကာနေးဝပ်စ်သည် ၂၀၁၅ ခုနှစ်က Michael Jackson Video Vnaguard ဆုကို ရရှိခဲ့ပြီး မိုက်ကယ်ဂျက်ဆင် ၊ ဘရစ်တနီစပီးယား ၊ မက်ဒေါနား၊ ဘီယွန်စေးနှင့် ဂျက်စတင်တင်းဘား လိတ်ခ်တို့သည်လည်း အဆိုပါဆုကို ရရှိထားသူများ ဖြစ်သည်။