ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ်တွင် အိမ်ခြေ တစ်သောင်းကျော် ရေနစ်မြုပ်​ကာ လူဦးရေ ၄ သောင်းကျော် ရေဘေးသင့်

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ်တွင် အိမ်ခြေ တစ်သောင်းကျော် ရေနစ်မြုပ်​ကာ လူဦးရေ ၄ သောင်းကျော် ရေဘေးသင့်

ဟင်္သာတ၊ သြဂုတ် ၅ ။              ။ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၂၂ စုမှ အိမ်ခြေ ၁၁၀၂၀ အိမ်ရေနစ်မြုပ် နေပြီး လူဦးရေ ၄သောင်းခွဲကျော်   ရေဘေးသင့်နေကြောင်း မြို့နယ် အထွေထွေဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် ဟင်္သာတမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၂၂ ခု ဖွင့်လှစ်ထားရပြီး အဆိုပါ ကယ် ဆယ်ရေးစခန်းများသို့ အိမ်ထောင်စု ၁၂၂၄ စု မှ ၄၁၉၇ ဦး ပြောင်းရွှေ့ နေထိုင်ရလျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိ အချိန်အထိ ရေကြီးးနစ်မြုပ်မှုကြောင့် စာသင်ကျောင်းပေါင်း ၅၈ ကျောင်း ပိတ်ထားရပြီး အချို့စာသင်ကျောင်း  များအား ယာယီကယ်ဆယ်ရေးစခန်းများ အဖြစ်ဖွင့်လှစ်ထားရသည်။

ဧရာဝတီမြစ်ရေသည် ၁၅နှစ်တာကာလ၏ အမြင့်ဆုံးရေအမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး သြဂုတ်လ ၅ ရက်နေ့ နေ့လည် ၁ နာရီအချိန် တိုင်းတာချက်အရ ဟင်္သာတမြို့၏ ရေအမှတ်မှာ ၄၇.၅၀ ဖြစ်ကြောင်း ဟင်္သာတခရိုင် ဆည် မြောင်းဦးစီးဌာနထံမှ သိရသည်။

ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေသည်မှာ ရက်သတ္တပတ် ၃ပတ်ခန့် ကြာမြင့်လာပြီ ဖြစ်သည်။

မိုးလေဝသပညာရှင် ဦးချစ်ကျော်က " အထက်ဘက်တွေမှာ ရေအမှတ်တွေ စကျလာပြီဆိုတော့ အထက်ရေက သြဂုတ် လ ၇ ရက်နေ့ ပတ်လည်မှာ ရောက်ဖို့ရှိတယ်။ ဟင်္သာတမြို့ရဲ့ မြစ်ရေအမြင့်ကို ခန့်မှန်းတဲ့အခါ အထက်ရေရယ် အဲ့ဒေ သမှာရွာတဲ့မိုးရယ် ပင်လယ်ဘက်က ထောက်တဲ့ရေရယ် အဲ့သုံးခုကို ပေါင်းပြီး ခန့်မှန်းရတယ်။ ဟင်္သာတက လူတွေ မပေါ့ပါနဲ့။ သက်ဆိုင်ရာက   ဘေးကင်းတဲ့နေရာကို ရွှေ့ဆိုရင်ရွှေ့ပါ။ ဆိုင်ခန်းတွေ အောက်ထပ်က ပစ္စည်းတွေ အပေါ် တင်ထားကြပါ။ ဘေးကင်းရာကို ရွှေ့ပြောင်းကြပါ။ အခုရေအမှတ်က ၄၇ ပေ ခွဲ ဆိုတော့ မနှစ်က အမြင့်ဆုံးအမှတ် ၄၈.၁၅ ထက် ကျော်မယ်။ ၄၉ ပေလောက်ထိ မရောက်ပေမယ့် ၄၈.၈ လောက်အထိရောက်နိုင်တယ် " ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားသည်။

ယခုအချိန်အထိ ဟင်္သာတခရိုင်အတွင်းတွင် ရေပေါက် ၆၀ပေါက် သဲဗွက် ၈ ခု တာခြေစိမ့် ၄ ခု တာအိတာလျော ၄ခု ရှိ ကြောင်း ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required