ကမ္ဘာ့ ပထမဆုံး ယာဉ်ကြောပိတ်မှု ကျော်ဖြတ်ယာဉ် စမ်းသပ်မောင်းနင်

ကမ္ဘာ့ ပထမဆုံး ယာဉ်ကြောပိတ်မှု ကျော်ဖြတ်ယာဉ် စမ်းသပ်မောင်းနင်

ဆိုးရွားတဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့နေရတဲ့ တရုတ်နိုင်ငံဟာ ဒီအခြေအနေဆိုးတွေကို ကျော်လွှားဖို့ Transit Elevated Bus (TEB) လို့ အမည်ပေးထားတဲ့ ယာဉ်ကြောပိတ်မှု   ကျော်ဖြတ်ယာဉ်ကို သြဂုတ်လ ၂ ရက်နေ့မှာ စမ်းသပ် မောင်းနှင်လိုက်ပါတယ်။

ကားကျပ်လွန်းတဲ့ လမ်းတွေပေါ်မှာ ထပ်ဆင့်ပြီးမောင်းနင်နိုင်အောင် တီထွင်ထားတဲ့ ယာဉ်ပိတ်မှု ကျော်ဖြတ်ယာဉ်ဟာ ကမ္ဘာ့ ပထမဆုံး ယာဉ်ဖြစ်တယ်လို့လည်း Xinhua သတင်း တစ်ရပ်မှာ ဖေါ်ပြပါတယ်။

ဒီယာဉ်ကို လျှပ်စစ် စွမ်းအင်နဲ့ မောင်းနင်မှာဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၂၅ ပေကျယ်ဝန်းပြီး အရှည်ကတော့ ၇၂ ပေရှိပါတယ်။ ခရီးသွားပြည်သူ ၃၀၀ ကို တစ်ပြိုင်နက်တည်း သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၁ နာရီကို မိုင် ၄၀ အမြန်နှုန်းနဲ့ မောင်းနင်နိုင်ပေမယ့် စမ်းသပ်အဆင့်မှာပဲရှိပါသေးတယ်။

CCTV သတင်းတစ်ပုဒ်က ဖေါ်ပြတဲ့ ရုပ်သံမှာတော့ ရထားတွဲ နှစ်တွဲစာ အကျယ်အဝန်းနဲ့ နှစ်တွဲစာ အရှည်လောက်ရှိတဲ့ ယာဉ်ပိတ်မှု ကျော်ဖြတ်ယာဉ်ဟာ တရုတ်လမ်းမတွေပေါ်မှာ အဆင်ပြေပြေ မောင်းနင်နေတာ တွေ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required