ဆိုးလ်၊ သြဂုတ် ၂ ။ ။ မကြာမီထုတ်လွှင့်ပြသမည့် tvN ရုပ်သံ၏ အချစ်ဇာတ်မြူးဒရမ်မာ ဇာတ်ကား “ Cinderella and the Four Knights” ကို နိုင်ငံပေါင်း ၆၃နိုင်ငံတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၂၀၁၁ ခုနှစ် ဝတ္ထူကို အခြေခံထားသော “ Cinderella and the Four Knights” ဇာတ်ကားတွင် မင်းသမီး Won Eun-ha က တိရစ္ဆာန် ဆေးကုဆရာဝန်တစ်ယောက်ဖြစ်လာရန် စိတ်ကူးအိပ်မက်ရှိသည့် ဉာဏ်ထက်သော ကောလိပ်ကျောင်းသူ ပက်ခ်ဆိုဒမ်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။
ကံဆိုးစွာပဲ ပက်ခ်ဆိုဒမ်သည် ယာဉ်မတော်တဆမှုတွင် မိခင်ကို ဆုံးရှုံးခဲ့ရပြီး ရက်စက်သော မိထွေးဖြစ်သူနှင့်အတူ ဘဝကိုလျှောက်လှမ်းရခဲ့သော်လည်း ၎င်း၏ပညာရေးအတွက် ငွေကြေးရရှိခဲ့ခြင်းမရှိပေ။
တစ်ရက်တွင် ပက်ခ်ဆိုဒမ်သည် အဖိုးအိုတစ်ဦးကို ကူညီပေးခဲ့ရာမှ ( ဂျောင်အီဝူ ၊ အမ်ဂျီဟွန်းနှင့် လီဂျောင်ရှင်) အမည်ရှိ အမျိုးသားသုံးဦးက ၎င်းအား နေအိမ်သို့ ဖိတ်ခေါ်ခဲ့သည်။ ယင်းအမျိုးသားသုံးဦးသည် အလွန်ချမ်းသာကြွယ်ဝေသော ညီအစ်ကို ဝမ်းကွဲများဖြစ်ကြပြီး ချမ်းသာကြွယ်ဝသော မိသားစု၏ အမွေဆက်ခံသူများဖြစ်ကြသည်။
အဆိုပါ ဒရမ်မာဇာတ်ကားကို အမေရိကန်ပြည်ထောင်စု ၊ ကျူးဘား ၊ ဂျာမီကာ ၊ ကိုစတာရီကာ ၊ ဘရာဇီး နှင့် ပီရူးနိုင်ငံအပါအဝင် အမေရိကတိုက်ရှိ နိုင်ငံ ၅၆နိုင်ငံတွင် ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။တရုတ် ၊ထိုင်ဝမ် ၊ဟောင်ကောင် နှင့် အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ထုတ်လွှင့်ပြသသွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။
“ Cinderella and the Four Knights” ဒရမ်မာဇာတ်ကားကို ကိုရီးယာနိုင်ငံ၌ သြဂုတ် ၁၂ရက်တွင် tvN ရုပ်သံမှ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။