ဇူလိုင် ၂၂ ။ ။ အိန္ဒိယစစ်တပ်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ဇူလိုင်လ ၂၂ ရက်က ဘင်္ဂလားပင်လယ်အော်ရှိ ဝေးလံခေါင်းပါးသောကျွန်းစုများကို ဖြတ်ပျံရင်း ပျောက်ဆုံးနေခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်သည်။
အဆိုပါ စစ်လေယာဉ်ပေါ်တွင် စစ်ဘက်အရာရှိ ၂၉ ဦးလိုက်ပါသွားကြောင်းလည်း သိရသည်။
ရုရှလုပ် AN-32 လေယာဉ်သည် Chenai မြို့မှ Port Blair မြို့သို့ ဦးတည်ရာလမ်းကြောင်းပေါ်တွင် ပျံသန်းနေစဉ် ရေဒါမြင်ကွင်းမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ခြောက်ဦးလည်း ပါရှိသွားသည်။
ယခုအခါ အဆိုပါ စစ်ဘက်လေယာဉ်ကို လေယာဉ်များ၊ သင်္ဘောများဖြင့် လိုက်လံရှာဖွေနေလျက်ရှိကြောင်းလည်း ရေတပ်မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
လေယာဉ်သည် မလက်ကာရေလက်ကြားအနီးရှိ စစ်အခြေစိုက်စခန်းတစ်ခုရှိရာ မဟာဗျူဟာကျကျွန်းစုများဆီသို့ စစ်ဘက်တာဝန်ရှိသူများကို လိုက်လံပို့ဆောင်ပေးရင်း ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။