၂၀၁၅-၁၆ ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင်စာရင်းမှာ မက်ဆီ၊ ဂရစ်ဇ်မန်းနှင့် ရော်နယ်လ်ဒိုတို့ ပါဝင်

၂၀၁၅-၁၆ ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင်စာရင်းမှာ မက်ဆီ၊ ဂရစ်ဇ်မန်းနှင့် ရော်နယ်လ်ဒိုတို့ ပါဝင်

၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင် (၁၀) ဦး စာရင်းကို ယူအီးအက်ဖ်အေက တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ယူအီးအက်ဖ်အေ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် နိုင်ငံများမှ အားကစားဂျာနယ်လစ်များရဲ့ ဆန္ဒမဲဖြင့် ရွေးချယ်ခြင်းဖြစ်ပါတယ်။

ယခု ဆန်ခါတင် (၁၀) ဦး စာရင်းကို ပဏာမ (၃၇) ဦးစာရင်းမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး (၃) ဦး စာရင်းကို သြဂုတ်လ (၅) ရက်နေ့ ထပ်မံ ရွေးချယ် ကြေညာသွားမှာဖြစ်ပါတယ်။

ဘာစီလိုနာကြယ်ပွင့် မက်ဆီက ၂၀၁၁ နှင့် ၂၀၁၅ ခုနှစ်တွေမှာ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ပြီး လက်ရှိ ယူရိုဖလားကို ရရှိထားတဲ့ စီရော်နယ်လ်ဒိုက ၂၀၁၄ ခုနှစ်မှာ ရရှိထားပါတယ်။

၂၀၁၂ ခုနှစ်မှာ ဘာစီလိုနာ ကွင်းလယ်ကစားသမား အင်နီယေစတာနှင့် (၂၀၁၃) ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကစားသမား ရီဘာရီတို့ကလည်း အဆိုပါအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို သြဂုတ်လ (၂၅) ရက်နေ့မှာ ရွေးချယ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

၂၀၁၅-၁၆ ရာသီအတွက် ထုတ်ပြန်လိုက်တဲ့ ဆန်ခါတင် (၁၀) ဦး စာရင်း -

ဂါရတ်ဘေးလ် (ရီးယဲလ်၊ ဝေးလ်)
ဘူဖွန် (ဂျူဗင်တပ်စ်၊ အီတလီ)
ဂရစ်ဇ်မန်း (အက်သလက်၊ ပြင်သစ်)
တိုနီကရူးစ် (ရီးယဲလ်၊ ဂျာမနီ)
မက်ဆီ (ဘာစီလိုနာ၊ အာဂျင်တီးနား)
သောမတ်စ်မူလာ (ဘိုင်ယန်မြူးနစ်၊ ဂျာမနီ)
နူအာ (ဘိုင်ယန်မြူးနစ်၊ ဂျာမနီ)
ပီပီ (ရီးယဲလ်၊ ပေါ်တူဂီ)
စီရော်နယ်လ်ဒို (ရီးယဲလ်၊ ပေါ်တူဂီ)
ဆွာရက်ဇ် (ဘာစီလိုနာ၊ ဥရုရွေး)

Ref; EPA

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly