ကန်ကြီးထောင့် အ.ထ.က ကျောင်းအတွင်း နှစ် ၂၀ကျော်ကြာပြီးမှ ပထမဆုံးအကြိမ် အာဇာနည်နေ့ အခမ်းအနားကျင်းပမည်

ကန်ကြီးထောင့် အ.ထ.က ကျောင်းအတွင်း နှစ် ၂၀ကျော်ကြာပြီးမှ ပထမဆုံးအကြိမ် အာဇာနည်နေ့ အခမ်းအနားကျင်းပမည်

ကန်ကြီးထောင့်၊ ဇူလိုင် ၁၈ ။             ။ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် ၆၉ နှစ်မြောက် အာဇာနည်နေ့အား နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာပြီး အရပ်သားအစိုးသစ်လက်ထက်တွင် ကန်ကြီးထောင့်မြို့ အ.ထ.က ၁ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပမည်ဖြစ်သည်။

"အဓိက နိုင်ငံသားတယောက်ရဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်ချင်တယ်။ ကိုယ်ကျောင်းသားကျောင်းသူတွေကို လွတ်လပ်ရေးအသက်ပေးသွားတဲ့ အာဇာနည်ကြီးတွေအကြောင်းကို သိစေချင်တယ်။ သူတို့စိတ်ဓါတ်တွေကို လေးစားပြီး အတုယူစေချင်တယ်။ မွန်မြတ်တယ်။ အာဇာနည်တွေစိတ်ထားသိစေချင်တယ်။ နိုင်ငံသားတယောက်အနေနဲ့ ဒီလိုပွဲမျိုးမဖြစ်တာကြာပြီးဖြစ်သင့်ဖြစ်ထိုက်တယ်ယူဆပြီး ဒီမှာကျင်းပရတာ”ဟု ကန်ကြီးထောင့်မြို့၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဒေါ်ဆွေဆွေမြင့်က အာဇာနည်နေ့ကျင်းပရခြင်း နှင့် ပတ်သက်၍ မဇ္ဈိမသို့ပြောသည်။

ကန်ကြီးထောင့်မြို့တွင် ၆၉နှစ်မြောက်အခမ်းအနားအား အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ပြီး ဇူလိုင် ၁၈ရက်တွင်လည်း စာပေဟောပြောပွဲ ကျင်းပခဲ့သည်။

"ကျွန်တော်တို့ ငယ်ငယ်က အာဇာနည်နေ့အခမ်းအနားကို ကျွန်တော်တို့မြို့မှာ ကျင်းပခဲ့တယ်။ အခုမကျင်းပခဲ့ရတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာပြီးမှ အခု တရားဝင်ပြန်ပြီး ကျင်းပခွင့်ရတာပါ” ဟု ပွဲကျင်းပရေးအဖွဲ့ဝင်ဖြစ်သူ ဆရာဦးဝေယံအောင်မှ မဇ္ဈိမကို ပြောသည်။

ကန်ကြီးထောင့်မြို့တွင် အာဇာနည်နေ့အခမ်းအနားအား အာဇာနည်များ ကျဆုံးခဲ့သည့် ၁၀နာရီ၃၇မိနစ်၌ ဥသြဆွခြင်း၊ အလေးပြုခြင်းပြီး၊ လွမ်းသူပန်းခွေ့ချခြင်းပြုလုပ်မည်ဖြစ်ပြီး၊ ပရဟိတအဖွဲ့များ၊ ကျောင်းသားများနှင့်ပြည်သူများ လွမ်းသူပန်းခွေ့ချခြင်းတို့လုပ်ဆောင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly