ဗလင်စီယာနောက်ခံလူဘာရာဂန်ကို မစ်ဒယ်ဘရော့ခေါ်ယူ

ဗလင်စီယာနောက်ခံလူဘာရာဂန်ကို မစ်ဒယ်ဘရော့ခေါ်ယူ

ဇူလိုင် ၁၆၊ မစ်ဒယ်ဘရော့။              ။ မစ်ဒယ်ဘရော့အသင်းသည် ဗလင်စီယာနောက်ခံလူ အန်တိုနီယို ဘာရာဂန်ကို သုံးနှစ်စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိကစားသမားသည် ဒီပို့တီဗို၊ ဗယ်လာဒိုးလစ်အသင်းတို့တွင်လည်း ကစားခဲ့ဖူးသူဖြစ်ပြီး ဗလင်စီယာ အတွက် ပွဲ ၁၀၀ ကျော်အတွင်း နှစ်ဂိုးသွင်းနိုင်ခဲ့သည်။

ယင်းညာနောက်ခံကစားသမားမှာ အင်္ဂလိပ်ဘောလုံးလောကနှင့်လည်းအတွေ့အကြုံရှိဖူးပြီး အသက် ၁၈ နှစ်အရွယ်က လီဗာပူးလ်အသင်းတွင် ကစားခဲ့ဖူးသည်။

ဘာရာဂန်သည် ဗဲလ်ဒက်စ်၊ ဖစ်ချာ၊ အက်စပီနိုဆာ၊ ဒီရွန်း၊ မက်ဂီးတို့ပြီးနောက် မစ်ဒယ်ဘရော့နည်းပြ ခရန်ကာခေါ်ယူသည့် ခြောက်ယောက်မြောက် ကစားသမားဖြစ်လာခဲ့သည်။

မစ်ဒယ်ဘရော့နည်းပြခရန်ကာက “သူစာချုပ်လိုက်လို့ ကျွန်တော်ပျော်ပါတယ်။ ကျွန်တော်တို့သူ့အကြောင်းအများကြီးသိထားပြီး အသင်းအတွက် ခေါ်ယူမှုကောင်းတစ်ခုဖြစ်ပါတယ်။ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ဗလင်စီယာအတွက်လည်း ပွဲတော်တော်ကစားထားတယ်”ဟု ပြောသည်။

ရည်ညွှန်း ဘီဘီစီ၊ ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required