ဇူလိုင် ၂၊ မန်ချက်စတာ။ ။ မော်ရင်ဟိုနှင့်မိမိသည် အောင်မြင်သူများဖြစ်သောကြောင့် ယူနိုက်တက်အသင်းကိုရွေးချယ်ဖြစ်ခဲ့သည်ဟု အီဘရာဟီမိုဗစ်က ပြောသည်။
မန်ချက်စတာယူနိုက်တက်နှင့် တစ်နှစ်စာချုပ်ပြီးနောက် အီဘရာဟီမိုဗစ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ကျွန်တော့်ဆုံးဖြတ်ချက် က သိပ်လွယ်ခဲ့ပါတယ်။ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ပြလိုက်တာပါပဲ။ ဥပမာတစ်ခုပေးရရင် ဘယ်တော့မှမဖြစ်နိုင်ဘူးထင်ရတဲ့ မေဝဲသာနဲ့ ပက်ကွီအိုလက်ဝှေ့ပွဲ ဖြစ်မြောက်ခဲ့သလိုပေါ့။
နောက်ဆုံးမှာတော့ အဆုံးသတ်နိုင်ခဲ့ပြီ။ အဆုံးသတ်ဖြစ်သလို အစလည်းဖြစ်တယ်။ ကျွန်တော်သိပ်ပျော်ပါတယ်”ဟု အီဘရာဟီ မိုဗစ်က ပြောသည်။
အသက် ၃၄ နှစ်အရွယ်ရှိ အီဘရာဟီမိုဗစ်သည် ယူနိုက်တက်သို့ပြောင်းမည်ဟု လူမှုကွန်ယက်တွင် ဦးစွာပြောပြီးနောက် တစ်ပတ်လုပ်ခ ပေါင် ၂၀၀,၀၀၀ ထက်ပိုသော တစ်နှစ် စာချုပ်လိုက်ခြင်းဖြစ်သည်။
ယင်းတိုက်စစ်မှူးသည် အင်တာမီလန်အသင်းတွင် မော်ရင်ဟို၏လက်အောက်၌ ကစားခဲ့ဖူးပြီး ယူနိုက်တက်တွင် ပြန်လည်လက် တွဲ ရမည်ဖြစ်သည်။
မော်ရင်ဟိုနှင့်ပတ်သက်ပြီး မိုဗစ်က “သူက အောင်မြင်သူတစ်ယောက်ဖြစ်သလို ကျွန်တော်လည်း အတူတူပဲ။ ကျွန်တော်တို့ အတူအောင်မြင်ခဲ့ဖူးသလို အတူပျော်ခဲ့ဖူးတယ်။ ကျွန်တော်အများကြီးသင်ယူခဲ့ဖူးပြီး သူ့ကို နည်းပြတစ်ယောက်အဖြစ်ရော၊ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်ပါ အကောင်းမြင်ပါတယ်”ဟု ပြောသည်။
Ref; Daily Mail